နေပြည်တော်၊ အောက်တိုဘာ ၂၈
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလော မြို့နယ်နှင့် မိုင်းရှူးမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလ မြို့နယ်နှင့် သန်လျင်မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နှင့် အိမ်မဲမြို့၊ ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင် မြို့နှင့် ကျောက်ကြီးမြို့တို့၌ အသီးသီးပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုး ဘာသာ သာသနာကိုစောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ NUG CRPH PDF အကြမ်းဖက် သမားအလိုမရှိ၊ NUG CRPH PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ် အခြာအာဏာတည်တံ့ ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်းရေး ပြည်ပဖြည့်စွက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လုပ်ငန်းစဉ် (၅)ရပ်အား ထောက်ခံပါသည်၊ ဒီမိုကရေစီ အရေခြုံ ကွန်မြူနစ်လုပ်ရပ် ကျဆုံးပါစေ၊ NUG PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG PDF အကြမ်းဖက်မှုတွေ မြင်အောင် ကြည့်၊ NUG PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ် ’’ စသည့် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင် ကြွေးကြော်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်