နေပြည်တော်၊ အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် နယ်မြေခံတပ်မတော် ဆေးရုံများမှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာ ပြုများနှင့် ဆေးဘက်ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်း တွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ် ငန်းများတွင် ကူညီဆောင်ရွက် ပေးခဲ့ကြသည့် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ဆေးဘက်ပညာရှင်များအားတိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်