Skip to main content

Feb 24, 2022

ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း များအား အကြမ်းဖက်သမားများအနေဖြင့် လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အနိုင်အထက်ပြုကျင့်ကာ အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မင်းကုန်းကျေးရွာနေ ရပ်/ကျေးစာရေး အမျိုးသမီး တစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ကြုံတွေ့လာသည့် အခက်အခဲများကြားမှ စီမံချက်လျာထားချက်အတိုင်း ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကိုရီးယားနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် စပါးကြိတ်ခွဲ သန့်စင်စက်၊ အခြောက်ခံစက်နှင့် သိုလှောင်ရုံ လည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

“ခရီးသွားလုပ်ငန်း သုတေသနစင်တာပရောဂျက်နှင့် ကိန်းဂဏန်းဆိုင်ရာ သုတေသနသင်တန်း” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

နိဒါန်း ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊ ၁။ ကျွန်တော့်အနေဖြင့်တရားရုံးတော်ရှေ့မှောက်၌ နောက်တစ်ကြိမ် လျှောက်လဲခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

ONE Championship က စီစဉ်ကျင်းပသည့် Full Circle ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စင်ကာပူ နိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်၏ စိန်ခေါ်ပွဲပါဝင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ သံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ ဟားစတိုင်ရဲ့ “ ပျော်စရာအငြိမ့်” ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၆ ရက် (စနေနေ့) ည၈ နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ နိုင်ငံကျော် တေးသံရှင်များ စုပေါင်းတင်ဆက်မည့် “ဆောင်းအမီ ချစ်သူဆီ” တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၅ ရက်၊ (သောကြာနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၄ ရက် မှ ၂၀ ရက်အထိ

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှု မရှိတင်သွင်းနိုင် ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ သုံးခု၊ ယာဉ်စီးရေ လေးစီးဖြင့် နှာခေါင်းစည်း (Mask) ၁၉ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်း ကြောင်းစံချိန် စံညွှန်းများ အတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

ပြည်သူလူထုသို့ အသိပေးကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၇ နာရီတွင် တောင်ဥက္ကလာပမြို့နယ် ၃ ရပ်ကွက် ပါရမီလမ်းပေါ်ရှိ ဆည်မြောင်းချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ချောင်းအတွင်းမှ အမှိုက် များ၊ နုန်းများ ဆယ်ယူရှင်းနေမှုနှင့် ချောင်း ဝဲ/ယာ မြက်ပင် ချုံနွယ်များရှင်းလင်းနေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ ၇ ဒသမ ၈၂၀၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၆၇၆) ကို ဖမ်းဆီးရမိခဲ့ပြီးသစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တော(မ)ကျေးရွာနေ ၁၃ နှစ် အရွယ် ကျောင်းသူတစ်ဦးအား ဖေဖော်ဝါရီ ၂၀ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ဓားဖြင့် ရက်စက်စွာသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်