Feb 22, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် အမှတ်စဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေးအတွက်လယ်ဝေးမြို့နယ်၏ အခြေခံ မဲဆန္ဒရှင်စာရင်းများအား မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း စီမံချက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 22, 2022
တပ်မတော်(ရေ)မှ ဓညဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင်သော စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် အိန္ဒိယနိုင်ငံ Visakhapatnam မြို့၌ကျင်းပပြုလုပ်မည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022)သို့တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံ တံတား(သီလဝါ)မှထွက်ခွာရာ အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း နှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် မိသားစုများက ပို့ဆောင် နှုတ်ဆက်ကြသည်။
Feb 22, 2022
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်းဟာ တို့သည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Feb 22, 2022
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးမောင်းဟာ တို့သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ပြည်သူ့ဆေးရုံ အုပ်ကြီးရုံးရှိ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့တက် ရောက်ကြသည်။
Feb 22, 2022
ယဉ်ကျေးမှုဟူသည် လူမျိုးတို့၏ ဝိသေသလက္ခဏာများပင် ဖြစ်ပြီး နှစ်ပရိစ္ဆေဒ များစွာကပင် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ထွန်း လာခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် မိမိတို့ ရှင်သန် တည်ရှိရာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေထိုင် နိုင်ရန် အစီအစဉ်တကျ လမ်းညွှန်မှုများလည်း ဖြစ်သည်။ လူ့အဖွဲ့ အစည်းတစ်
Feb 22, 2022
လူ၏ဉာဏ်ပညာစွမ်းပကားဖြင့် လောကလူသား အကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်နိုင် ပါသည်။ လူ၏ အသိဉာဏ်ပညာဖြင့် လောကတွင် မဖြစ်နိုင်သောအရာ ဟူ၍မရှိနိုင်ပါ။ စက်မှု၊ သိပ္ပံ၊ နည်းပညာထွန်းကားလာ သောခေတ်တွင် မဖြစ်ဖြစ်အောင် လူတို့ကြံဆောင်နိုင်ကြပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပါသည်။ စိုက်ပျိုးရေးကိုအခြေခံ၍ ကုန်ထုတ်စွမ်းအားမြင့်မားအောင်၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိပါသည်။
Feb 21, 2022
ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၁၁၁×၁၁၂ လမ်းကြား၊ ၅၉ လမ်းရှိ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးဝန်းအတွင်း ယနေ့ည ၇ နာရီ ၁၀ မိနစ်အချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။
Feb 21, 2022
မြန်မာ့အားကစား အဆင့်အတန်းမြင့်မားရေးနှင့် အမျိုးသမီး မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ " ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သည်။
Feb 21, 2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေး ရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလှိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျှက် ဖေဖော်ဝါရီလ(၂၁)ရက်၊ နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ မဟာဇောတိကာရာမကျောင်းတိုက် ဆရာတော်ကြီးထံ လှူဘွယ်ပစ္စည်း၊ ဝတ္တုငွေ၊ ဆွမ်း ဆန်တော်နှင့်ဆီတို့အား ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
Feb 21, 2022
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန် နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the crime of Genocide) ကိုကျူးလွန် ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ခွင့် မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့် မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ပြီး၊ ကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်လျက် ရှိပါသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၁-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Feb 21, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 21, 2022
ဒီနေ့ကျင်းပပြုလုပ်တဲ့ “အကြိမ်(၅၀)မြောက် ရွှေရတု အထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာ သုတေသနညီလာခံ” ကို တက်ရောက် လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
Feb 21, 2022
အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နံနက် ၈ နာရီခွဲတွင် ဆေးသုတေသနဦးစီးဌာန၊ အမှတ်(၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်(Virtual) ဖြင့် ကျင်းပသည်။
Feb 21, 2022
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်အား သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ဆောင်ရွက်ရာတွင် ကြော်ငြာဘုတ်များကို ၄၅'x၁၅' အရွယ်အစားသတ်မှတ်၍ စနစ်တကျ စိုက်ထူထားရှိပြီး ဖြစ်ပါသည်။
Feb 21, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) တတိယနေ့ကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဆက်လက် ကျင်းပသည်။
Feb 21, 2022
မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မျိုးစေ့ပြပွဲ ၂၀၂၂ ကို နေပြည်တော်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပလျက်ရှိသည်။
Feb 21, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်း သူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူ များ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 21, 2022
ဒေသတစ်ခု တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်ပြီး သာယာ ဝပြောကာ ဒေသခံပြည်သူများ စိတ်နှလုံးအေးချမ်းသာယာ ပျော်ရွှင်စွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ ဒေသတစ်ခု တည်ငြိမ်အေးချမ်းမှုမရှိပါက ဒေသဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုတို့ကို မဆောင်ကြဉ်းနိုင်သည့်အပြင် ဒေသခံပြည်သူတို့ လုံခြုံမှု မရှိသဖြင့် စိတ်နှလုံးညှိုးချုံးဆင်းရဲပြီး ဒုက္ခအခက်အခဲများ ကြုံကြရသည်။
Feb 21, 2022
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၀ ရက်၌ နယ်စပ် (ချင်းရွှေဟော် ) တွင် ကုမ္ပဏီနှစ်ခုမှ Mask ၁၂၀၅၅ Kg ၊ Glucose And Sodium Chloride | Injection ၁၀၃၂၀ ၊ Syringe ၂၆၆၁၆ ခုတို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Feb 21, 2022
အကုန်အကျနည်းအောင် အသုံးအစွဲကို ဆင်ခြင်ခြင်းက ချွေတာခြင်းပင်ဖြစ်သည်။ မိမိတို့ တစ်ဦးချင်း အနေဖြင့် ဖြစ်စေ၊ မိသားစု အတွင်း၌ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံလုံးအနေဖြင့်ဖြစ်စေ အခြေအနေအရ လိုအပ်လာပါက ချွေတာကြရသည်။ ချွေတာခြင်းဟူသည် သုံးစွဲမှုကို ပိတ်ပင်တားမြစ်ခြင်းမဟုတ်ဘဲ စိစစ်၍၊ ဆင်ခြင်၍ သုံးစွဲခြင်းဖြစ်ပြီး အလေ့အထကောင်း တစ်ရပ် ဖြစ်သကဲ့သို့ အကျိုး ရလဒ်ကောင်း ကိုလည်း ရရှိစေသည်။
