Feb 27, 2022
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မှာကြားချက်များအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်သင်းသင်းနွဲ့က ထပ်ဆင့် ရှင်းလင်းမှာကြားသည့် အခမ်းအနားသို့ ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ Virtual Online စနစ်ဖြင့် ကျင်းပသည်။
Feb 27, 2022
ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့် အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် ဖြစ်မြောက်ရေးအတွက် အဆိုပြု Geosites များကို ကြည့်ရှုစစ်ဆေးသည်။
Feb 27, 2022
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊ ၁။ မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေကြီးများအနေနဲ့ တရားရုံးရဲ့ရှေ့မှောက်မှာ ၎င်းတို့ရဲ့လျှောက်လဲချက်အသီးသီးကို တာဝန်ကျေပွန်စွာနဲ့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိ အမှုတွဲရောက်ရှိနေတဲ့ အဆင့်ကတော့ တရားရုံးမှ တရားစီရင်ပိုင်ခွင့်နှင့် ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုပိုင်ခွင့် ရှိ/မရှိနှင့် သက်ဆိုင်တဲ့ ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များသာဖြစ်ပြီးတော့ အဆိုပါကိစ္စများအပေါ်တွင်သာ မိမိတို့အနေနဲ့ အလေးထား လျှောက်လဲခဲ့ခြင်း ဖြစ်ပါတယ်။ မိမိတို့အနေဖြင့် ပင်မအမှု (merits)နှင့်ဆိုင်တဲ့ အကြောင်းခြင်းရာများကို ရှောင်ရှား၍ လျှောက်လဲခဲ့တာဖြစ်ပါတယ်။
Feb 27, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 27, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ဧည့်ခန်းမ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာကျော်ထွန်း၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Feb 27, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက် များတွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်များအတွင်း တရားမဝင် ကျွန်းပရိဘောဂ ပစ္စည်းများ၂ ဒသမ ၆၈၄၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၅၃၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
Feb 27, 2022
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ ကိုယ်စားပြု၍ အပြည်ပြည် ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုထားပါသည်။
Feb 27, 2022
ယနေ့ကမ္ဘာပေါ်တွင် ထိပ်တန်းသတင်းတစ်ပုဒ်အဖြစ် ရုရှား-ယူကရိန်း စစ်ပွဲသတင်းကို မြင်တွေ့ရမည်ဖြစ်ပါသည်။ ၂၁ ရာစုနှစ်၌ ကမ္ဘာတွင် ပထမဆုံးပေါ်ပေါက်လာသည့် စစ်ပွဲသတင်းကို သုံးသပ်ကြည့်ရမည်ဖြစ်သည်။ စစ်ပွဲဟူသည် ကောင်းမွန်သည့်ကိစ္စ မဟုတ်ပေ။ ဖြစ်လာနိုင်သည့် ပဋိပက္ခတို့ကို ရှောင်ရှားရန်အတွက် ငြိမ်းချမ်းစွာ အဖြေရှာခြင်းသည် အကောင်းဆုံးဖြစ်သည်။
Feb 27, 2022
ခေတ်သစ်မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ ယှဉ်တွဲ၍ ပေါ်ထွန်းလာခဲ့သော တပ်မတော်ဖြစ်သည်။ ပဒေသရာဇ်ခေတ်နှောင်းကာလ မြန်မာ့အုပ်ချုပ်ရေးမဏ္ဍိုင်တွင် ဝါးအစည်းပြေသကဲ့သို့ ဖရိုဖရဲ ပြိုကွဲနေချိန်၊ စစ်ရေးအင်အားကလည်း ခေတ်မမီချည့်နဲ့ နေခဲ့ခြင်းက နယ်ချဲ့တို့၏ တစ်ရစ်ပြီးတစ်ရစ် ဝါးမျိုခြင်းကိုခံခဲ့ရပြီး ကျွန်သပေါက်ဘဝ ကျရောက်စေခဲ့ရသည်။
Feb 26, 2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်နေ မိုးသီဟ(ဘ) ဦးဇော်မိုးနှင့် စည်သူအောင်(ခ)ငမိုး(ဘ)ဦးမောင်မိုး တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တက်ကြွစွာပါဝင် လှုပ်ရှားခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများ အဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေး ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အမိန့်ချ မှတ်လိုက်ကြောင်း သိရှိရသည်။
Feb 26, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 26, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ အချို့ကျေးရွာများ၌ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများအား မိုင်းထောင်၊ မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မခြိမ်းခြောက် ဆက်ကြေးတောင်းခံခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လိုသည့် တာဝန်သိပြည်သူအချို့၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
Feb 26, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 26, 2022
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “အကြိမ် (၅၀) မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ” နောက်ဆုံးနေ့နှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် ၅ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ် (Virtual) နှင့် ကိုယ်တိုင်တက်ရောက်ခြင်း (In-person) ပူးတွဲလျက် ပေါင်းစပ် (Hybrid) အသွင်ဖြင့် ကျင်းပသည်။
Feb 26, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄သန်းဖြင့် စက်သုံးဆီ မှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုမ္ပဏီ ၁၄ ခုမှ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း ၂၀၈ ဆိုင်တွင် ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်သည်။
Feb 26, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 26, 2022
(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စား ပြုယာဉ် တတိယဆု၊ “တူယှဉ်နွှဲပျော်ဂီတပွဲတော်” တေးသီချင်းသီဆိုမှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူများ၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 26, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များနှင့်အတူယနေ့ နံနက် ၆ နာရီခွဲတွင် ကမာရွတ်မြို့နယ် ဟံသာဝတီ အဝိုင်းအနီး ဦးဝိစာရလမ်းအရှေ့ဘက်ခြမ်း အုတ်ရေမြောင်းအား ကြည့်ရှုစစ်ဆေး၍ မြောင်းတစ်လျှောက် အမှိုက်နှင့်မြေကြီးများ တူးဖော်ရှင်းလင်းရန်၊ ရေစီးရေလာကောင်းမွန် စေရေးအတွက် ဇော်ဂျီလမ်းနှင့် ပန်းဝါလမ်းအကြား အုတ်ရေမြောင်းပြုလုပ်ရန်နှင့် အုတ်ရေမြောင်းနှင့် လူသွားစင်္ကြံအကြား မြေညှိမြက်စိုက်၍ မြေယာရှုခင်း ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
