Skip to main content

Mar 01, 2022

မြန်မာနိုင်ငံသည် တောင်တန်းမြေပြန့်လျှိုမြောင်ချိုင့်ဝှမ်းများ ပေါများသည့် နိုင်ငံဖြစ်သည်။ မြန်မာပြည်၏ မြောက်ဖျားနှင့် တစ်ဖက်တစ်ချက်တွင် မြင့်မားသော တောင်တန်းကြီးများ ကာဆီးထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ တောင်ပေါ် မြေပြန့်ဒေသအနှံ့တွင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နယ်မြေအလိုက်၊ မျိုးနွယ်စုအလိုက် အစဉ်အဆက်နေထိုင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2022

တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်လိုက်သည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးတို့ အတွက် ရည်ရွယ်၍ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို နောက်ထပ် ၁၀ လတိတိ တိုးမြှင့်ရပ်စဲပေးလိုက်ခြင်းလည်းဖြစ်ရာ နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်မှုများ မရှိပါက ယင်းနယ်မြေဒေသများတွင် သေနတ်သံ၊ ဗုံးသံများနှင့် အနိဋ္ဌာရုံမြင်ကွင်းများ ပကတိကင်းစင် နေလိမ့်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း အချို့ကျေးရွာများ၌ PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိခိုအောင်းလျက်ရှိပြီး ဒေသတွင်းဆူပူအကြမ်း ဖက်မှုများဖြစ်ပေါ်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း များအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများအား မိုင်းထောင်၊ မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မ ခြိမ်းခြောက် ဆက်ကြေးတောင်းခံခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင် နေကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လိုသည့် တာဝန်သိပြည်သူအချို့က သတင်းပေးပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ရှာဖွေဖော် ထုတ်ဖမ်းဆီးစဉ် ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိခိုအောင်းနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ကျေးရွာ၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွဲထွက်ပြေးသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2022

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူး အယူခံမှုအမှတ် ၃၂ / ၂၀၂၀ ( ရန်ကုန်)၊ ၃၃/၂၀၂၀ (မန္တလေး)၊ ၃၄/၂၀၂၀ (မန္တလေး) နှင့် ၄၀/၂၀၂၀ (မကွေး) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက်ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2022

၁။ လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီး တို့သည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဖောင်တော်ဦး မြတ်စွာဘုရားနှင့်အလိုတော်ပေါက် ဘုရားတို့ကို ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့ တာဝန်ရှိသူများ ထံဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်း ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2022

ယနေ့ကမ္ဘာကြီးတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးဂယက်ရိုက်ခတ်မှုများ လည်းရှိလာမည်ဖြစ်၍ နိုင်ငံများအနေဖြင့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင်ပေသည်။ လက်ရှိတွင် ရုရှား-ယူကရိန်း စစ်ပွဲဂယက် ရိုက်ခတ်မှုကြောင့် အာရှစတော့ ဈေးကွက်ထိုးကျကာ ရေနံဈေးမြင့်တက်လာသည်။ ရုရှား၏ ရေနံတင်ပို့မှုအခြေအနေ ပြတ်တောက်နိုင်သောကြောင့် ရေနံစိမ်းတစ်စည်လျှင် သုံးဒေါ်လာနီးပါး ခုန်တက်သွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2022

တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဌာန ဆိုင်ရာအဖွဲ့အစည်းများမှ ငွေကြေးတောင်းခံမှုသတင်းများနှင့် ပတ်သက်၍လည်းကောင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ရန် တယ်လီဖုန်း၊ ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာတို့ကို တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီက နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးကြေညာလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်

ဆက်လက်ဖတ်ရှုရန်

Feb 27, 2022

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင် တော် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2022

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ အကြမ်းဖက်သူ အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြ ရန်လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2022

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု သုံးရာခိုင်နှုန်းအောက် ရှိသော်လည်း ပိုးတွေ့ရှိသူအများစုသည် ရောဂါလက္ခဏာများမပြဘဲ တွေ့ရှိနေရသဖြင့် တစ်ဦး တစ်ယောက်ချင်းစီတိုင်း ကျန်းမာရေးအသိဖြင့် နေထိုင်သွားလာကြရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ online Zoom Meeting System ဖြင့် ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)တွင် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2022

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၁၄ နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ၂၈ မြို့နယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျောင်းသား ကျောင်းသူများ၊ အားကစားပရိသတ်များ တက်ရောက်ကြပြီး အမရပူရမြို့နယ်အသင်းနှင့် သာစည်မြို့နယ်အသင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများကို ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း သာမဏေများ အတွက် ဆပ်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရေရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2022

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2022

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2022

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့လယ် Downtown ဧရိယာအတွင်း ပါဝင်သည့် မြို့နယ်များ သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်