Feb 24, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၇ နာရီတွင် တောင်ဥက္ကလာပမြို့နယ် ၃ ရပ်ကွက် ပါရမီလမ်းပေါ်ရှိ ဆည်မြောင်းချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ချောင်းအတွင်းမှ အမှိုက် များ၊ နုန်းများ ဆယ်ယူရှင်းနေမှုနှင့် ချောင်း ဝဲ/ယာ မြက်ပင် ချုံနွယ်များရှင်းလင်းနေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Feb 24, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ ၇ ဒသမ ၈၂၀၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၆၇၆) ကို ဖမ်းဆီးရမိခဲ့ပြီးသစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Feb 24, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တော(မ)ကျေးရွာနေ ၁၃ နှစ် အရွယ် ကျောင်းသူတစ်ဦးအား ဖေဖော်ဝါရီ ၂၀ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ဓားဖြင့် ရက်စက်စွာသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
Feb 24, 2022
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား များအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများ၊ နိုင်ငံတော်ပိုင်အဆောက်အဦ များကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် တာဝန်ထမ်းဆောင် နေကြသည့် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းများကိုလည်း အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
Feb 24, 2022
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၊ ဂျပန်နိုင်ငံ Nikkei Asian News၊ Kyodo News၊ TBS နှင့် Asahi Shinbon သတင်းဌာနများမှ သတင်းထောက်များအား ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။
Feb 24, 2022
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိသည်။
Feb 24, 2022
နိုင်ငံဟုဆိုသည်နှင့် (၁) နယ်နိမိတ် (နိုင်ငံ၏ အချုပ်အခြာ ပိုင်နက်နယ်မြေ)၊ (၂) နိုင်ငံသားပြည်သူလူထု၊ (၃) အစိုးရနှင့် (၄) အချုပ်အခြာအာဏာပိုင်မှုဟူသော အင်္ဂါလေးရပ်နှင့် ပြည့်စုံရမည်ဟု အပြည်ပြည် ဆိုင်ရာ ဥပဒေပညာတွင် ဖော်ပြသည်။ ၎င်းအင်္ဂါ ရပ်လေးမျိုးအနက်တစ်မျိုးမျိုး ချို့ယွင်းသည်နှင့် နိုင်ငံမမည်တော့။ မျက်မှောက်ကမ္ဘာ့သမိုင်းတွင် မဝေးလှသေးသည့် ဆယ်စုနှစ်များမှသည် ယနေ့အထိ ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားသည့် နိုင်ငံများ၊ ပိုင်နက်နယ်နိမိတ်ပြောင်းလဲသွားသည့် နိုင်ငံများကို မိမိတို့ တွေ့မြင်ကြရသည်။ နိုင်ငံများ၏ နယ်နိမိတ်များ တည်မြဲဖို့ (ဝါ) အင်္ဂါလေးရပ် မချို့ယွင်းဘဲ ဥပဓိရုပ်နှင့် ပြည့်စုံသော နိုင်ငံဖြစ်ရန်မှာ နိုင်ငံအတွင်း စည်းလုံးညီညွတ်နေရန်လိုသည်။ ယင်းသို့ စည်းလုံးညီညွတ်ရန်အတွက် နိုင်ငံတွင် အမျိုးသားရေးဝါဒ အားကောင်းရန်လိုအပ်သည်။
Feb 23, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ပါသည်။
Feb 23, 2022
“အကြိမ်(၅၀)မြောက်ရွှေရတု အထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” တတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာနတွင် ဆက်လက်ကျင်းပသည်။
Feb 23, 2022
ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား၊ ၁။ ကျွန်တော်အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ် တရားရုံးတွင် ပါဝင်တက်ရောက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။
Feb 23, 2022
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်လျက် ရှိပါသည်။ အဆိုပါ ကြားနာပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ်လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျကိုယ်စားလှယ် (Alternate Agent) အဖြစ်လည်းကောင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။
Feb 23, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်အကြား ဘုရင့်နောင်လမ်းမပေါ်ရှိ ကမာရွတ်ချောင်း ရေစီးရေလာကောင်းစေရန် ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ချောင်းအတွင်း ရေဆင်းမြောင်းများ ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းရန်နှင့် ချောင်းကမ်းတစ်လျှောက် မြေညှိရန် မှာကြားသည်။
Feb 23, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။
Feb 23, 2022
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
Feb 23, 2022
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
