နေပြည်တော် ဖေဖော်ဝါရီ ၂၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၄ ရက် မှ ၂၀ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သစ်တော ဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၆၅ ဒသမ ၉၇၆၆ တန်၊ သစ်မာ ၃၁ ဒသမ ၉၁၅ တန်၊ အခြားသစ် ၂၃၃ဒသမ ၈၇၈၆တန် စုစုပေါင်း ၃၃၁ ဒသမ ၇၇၀၂တန်၊ ပြစ်မှုကျူးလွန်သူ ၂၇ ဦး၊ ယာဉ်/ ယန္တရား ၁၄ စီးကို သိမ်းဆည်း၊ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်