Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

နေပြည်တော်   ဖေဖော်ဝါရီ    ၂၃

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ထီးလင်းကျောင်းတိုက်သို့ လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဝဲကြီးတောင်ကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ချမ်းမြေ့ ဇေယျာသာမဏေ ကျော်တက္ကသိုလ်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ စင်ကာပူကျောင်း ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ စိန်ရတနာပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ရှိ တောင်ညိုစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်းသိရသည်။

သတင်းစဉ်