May 11, 2022
မျက်မှောက်ကာလတွင် နိုင်ငံ့စီးပွားရေး မြင့်မားတိုးတက်လာရန်အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပြည်တွင်း ထုတ်ကုန်များ မြင့်မားတိုးတက်လာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပြီး ပို့ကုန်တိုးတက်တင်ပို့နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မီနီဘတ်ဂျက်ကာလတွင် ကုန်သွယ်မှုပိုငွေ တောက်လျှောက်တက်လာခဲ့သည်ကိုတွေ့ရသည်။
May 11, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးပြီးသည့် အဖွဲ့ခုနစ်ဖွဲ့ နှင့် NCA လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့သုံးဖွဲ့တို့ တက်ရောက်ကြမည်ဟု သိရသည်။ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားရန် ရှေ့လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ချမှတ်ထားပြီးဖြစ်သည်။
May 10, 2022
(၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
May 10, 2022
(၁၀-၅-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
May 10, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်၏ လုပ်ငန်းဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိနေသောကြောင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
May 10, 2022
ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များကို မေ ၁၂ ရက်မှ ဩဂုတ် ၃၁ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) စာသင်ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပသော ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
May 10, 2022
ဝါသီးနှံကဏ္ဍတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Stakeholders များပါဝင်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
May 10, 2022
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သော လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း (ဘောဂသိဒ္ဓိ-၁) ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ရန်မျိုးသန့်စင်လမ်း၊ မြို့မဈေးအနီးရှိ နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင် အဆောက်အဦတွင် ကျင်းပသည်။
May 10, 2022
ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 10, 2022
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် ဥပဒေအထူးပြုဘာသာရပ်၊ နေ့သင်တန်း တိုးချဲ့ဖွင့်လှစ်သော အောက်ဖော်ပြပါတက္ကသိုလ်(၁၀) ကျောင်းတွင် ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ)/B.A(Law) သင်တန်းပို့ချမည်ဖြစ်ပြီး အခြားအထူးပြုဘာသာရပ်များမှ ဥပဒေအထူးပြုဘာသာရပ်သို့ အပြောင်းလျှောက်လွှာများကိုလည်း ၂၇-၅-၂၀၂၂ ရက်နေ့မတိုင်မီ အဆိုပါတက္ကသိုလ်များတွင် တင်ပြလျှောက်ထားပါက သတ်မှတ်ချက်နှင့်ကိုက်ညီလျှင် လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည် -
May 10, 2022
အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံတို့တွင် ၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် သင်တန်းသားများကို ခေါ်ယူမည်ဖြစ်ပါသဖြင့် ဝင်ခွင့်လျှောက်လွှာများကို အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၌ (၁၂-၅-၂၀၂၂) ရက်တွင် စတင်ထုတ်ယူနိုင်ပြီး လျှောက်လွှာများကို (၃၁-၅-၂၀၂၂) ရက် နောက်ဆုံးထား၍ မိမိတို့ တက်ရောက်လိုသည့် ကျောင်းသို့ ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
May 10, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၂ ခုနှစ် ဓမ္မာ စရိယစာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၆၃ ဌာနတို့၌ နဝမနေ့အဖြစ်လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၃၉ ဌာနတို့၌ တတိယနေ့အဖြစ်လည်းကောင်း ဖြေဆိုကြသည်။
May 10, 2022
ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
May 10, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ JICA ချေးငွေဖြင့်ဆောင်ရွက်သည့် သံတွဲ - ဂွ - ငါးသိုင်းချောင်းလမ်း (ငါးသိုင်းချောင်း (ရေနံ့သာ) - ဂွလမ်းပိုင်း)ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 10, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် မြန်မာ့သစ်လုပ်ငန်း ဝါးတရာသစ်အခြေခံစက်မှုဇုန်နယ်မြေသို့ သွားရောက်စစ်ဆေးပြီး သစ်အခြေခံစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဇုန်စီမံခန့်ခွဲရေးကော်မတီ၏ ထိရောက်သော စီမံကြီးကြပ်မှုဖြင့် ဆောင်ရွက်ရေး သတ်မှတ်ရည်မှန်းချက်များပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
May 10, 2022
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် ကောင်စီဝင် ဦးအေးချမ်းတို့သည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် World Association of Press Councils(WAPC)က ဦးဆောင်ကျင်းပသော ကမ္ဘာ့သတင်းမီဒီယာကောင်စီ အထွေထွေညီလာခံသို့ တက်ရောက်ရန် မေ ၂ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ကြောင်း သိရသည်။
May 10, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
May 10, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂) နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
May 10, 2022
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
May 10, 2022
အလုပ်သမားဝန်ကြီးဌာန အလုပ်သမားဆက်ဆံရေးဆိုင်ရာ တာဝန်ခံအရာထမ်းများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
