Skip to main content

May 12, 2022

မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကို မေ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းအမှတ်(၂၂၈)ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ ကောင်းစွာအကျိုးပြုသည့် သဘာဝသယံဇာတများ ပေါများကြွယ်ဝစွာရှိနေသည်။ ရေ၊ လေ၊ မြေ၊ နေ၊ တွင်းထွက် သယံဇာတများ စုံလင်စွာ အနှံ့အပြားရှိနေသည်။ အထူးသဖြင့် ရေသယံဇာတများမှာ မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ အလျှံပယ်ပေါများလျက်ရှိသည်။ သို့သော် အဆိုပါ ရေသယံဇာတများကို နိုင်ငံအတွက် အပြည့်အဝအသုံးချနိုင်ခြင်း မရှိသေးပေ။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

၁၉၆၅ ခုနှစ်မှစတင်၍ နှစ်စဉ် မေလ ၁၂ ရက်နေ့ ကျရောက်တိုင်း ကျင်းပလာခဲ့သည့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ (International Nurses Day) သည် ယခုနှစ်တွင် (၅၈) ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် သူနာပြုများ၏အခန်းကဏ္ဍမှာ လွန်စွာအရေးပါသည့်အလျောက် ကမ္ဘာတစ်ဝန်းရှိ သူနာပြုများအား ဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ကို ကျင်းပခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ သရုပ်ပြ/နည်းပြအသစ်ခန့်အပ်ထားသည့် ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဖောင်ကြီးသင်တန်းသို့ တက်ရောက်ရမည့် ဆရာ၊ ဆရာမခြောက်ဦးအား ထောက်ပံ့ငွေများပေးအပ်ကာ တက္ကသိုလ်ဝန်ထမ်းရေးရာ၌ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမှတ်(၆) မှုခင်းရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်း တရားမဝင်ကျွန်းတံခါးချပ်နှင့် ကျွန်းတံခါးအပိုင်းအစများ ၁ ဒသမ ၃၈၈၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၆၅၂၀) နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Toyota Wish အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး‌ငွေကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း၊ မေ ၇ ရက်တွင် သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က လှည်းကူးမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသားဆိုက်စုံ ၁ ဒသမ ၅၇၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၁၄၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ISUZU အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၈၈၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ဒေသခံပြည်သူလူထုများအား လက်နက်ကိုင်အကြမ်းဖက်ခြင်းများဖြင့် ၎င်းတို့အပေါ် ထောက်ခံအားပေးလာစေရန် အကြောက်တရားဖြင့်ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများနှင့် ၎င်းတို့အပေါ် ထောက်ခံမှုမရှိသူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မေးမြန်းချက်ကို အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်-

ဆက်လက်ဖတ်ရှုရန်

May 11, 2022

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မင်းလှမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဘိဓဇမဟာ ရဋ္ဌဂုရုဘဒ္ဒန္တကုဏ္ဍလမဟာထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပတ်လည်ပြိုင်ပွဲပွဲစဉ်များကိုယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင်ဗီယက်နမ်နိုင်ငံVietTri ဘောလုံး အားကစားကွင်း၌ မြန်မာ U-23 အသင်းနှင့် ဖိလစ်ပိုင် U-23 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဗီယက်နမ်ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ဇေယျနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 11, 2022

ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး၏ (၄၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီးပရိဝုဏ် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်၊ ဂန္ဓကုဋိကျောင်းဆောင်၊ အဘိသန္နဗိမာန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ ကိုဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ(မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်း သင်တန်းနှင့် ပန်းအလှပြင် သင်တန်းစသည့် သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် ရှစ်ခု၊ အပတ်စဉ် တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

ဗီယက်နမ်နိုင်ငံ၌ကျင်းပသည့် (၃၁) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်ရန်မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ခေါင်းဆောင်သည့် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်- ၅၀၀) တို့၌ Online Hybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်းဆက်လက် ကျင်းပပြုလုပ်ရာ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယ ဝန်ကြီးဒေါက်တာအောင်ကြီးသည် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်း၏ စာသင်နှစ်အလိုက် သင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်