Skip to main content

Jan 06, 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် စတင်တာဝန်ထမ်းဆောင်လျက်ရှိသည့် နည်းပြ၊ သရုပ်ပြသစ်လွင်များအား တွေ့ဆုံပွဲကိုယနေ့တွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ တက္ကသိုလ်၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နည်းပြ၊ သရုပ်ပြ သစ်လွင်များတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၈)ကို ဇန်နဝါရီ ၇ ရက်နေ့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု ဖြင့် တိုင်းဒေသကြီးအဆင့် ပထမအကြိမ် မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ အသားတိုးဆုံးနှင့် သိုးဆိတ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် မွေးမြူရေးခြံ၌ ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ပဲခူးမြို့ ရွှေမော်ဓောဘုရားအနောက်ဘက်မုခ် အနီးရှိ ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်သော နှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင် ဇန်နဝါရီ ၃ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းစစ်ဌာနချုပ်တို့ရှိ အစည်းအဝေးခန်းမများ၌ ယနေ့ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု(၄) ပထမပွဲစဉ်ကို ဇန်နဝါရီ ၇ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှတိုက်ရိုက် Liveရိုက်ကူး ထုတ်လွှင့်မည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည့် ကံမလေး ဆိုလာလျှပ်စစ် မြစ်ရေတင် စီမံကိန်းသစ်မှ လာမည့်နွေသီးနှံအတွက် စိုက်ပျိုးရေ စတင်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

ဒီမိုကရေစီနိုင်ငံတိုင်းတွင် စည်းကမ်းဥပဒေကို အလေးထားဂရုစိုက်ကြသည်။ စည်းကမ်းဥပဒေ ကို လေးစားလိုက်နာသော ဒီမိုကရေစီနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်သာယာဝပြောနေသည်ကို တွေ့ရသည်။ အမှန်တွင် စည်းကမ်းသည် ဒီမိုကရေစီ နိုင်ငံမှသာမဟုတ် စည်းကမ်းဥပဒေကို လေးစားလိုက်နာသော မည်သည့်နိုင်ငံမဆို အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

ဓာတ်အားပေးစက်ရုံကြီးများ၏ ဓာတ်အားထုတ်လုပ်မှုများလျော့နည်းလာသည့် အခြေအနေနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အများပြည်သူသို့ ပန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ရာ ပြည်သူအများ ခံစားနေကြရသည့် ဓာတ်အားပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေမှုအပေါ် ရှင်းရှင်းလင်းလင်း သိရှိခွင့်ရကြပြီး ဓာတ်အားဖြုန်းတီးမှုများကို သတိပြုဆင်ခြင်ရန်နှင့် ဓာတ်အားချွေတာသုံးစွဲရေးတို့ အတွက်လည်းဂရုစိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကိုလည်း သိခွင့်ရလိုက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2022

ဇန်နဝါရီ ၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၃ ဦးတွေ့ရှိ ၄ ဦး ထပ်မံသေဆုံး

ဆက်လက်ဖတ်ရှုရန်

Jan 05, 2022

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အများပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ဓာတ်အား သုံးစွဲနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နှစ်စဉ်တိုးတက်လာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2022

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ စိုကန်ကျေးရွာရှိ “စိုကန်” ဘုန်းကြီးကျောင်းဝင်း အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်ကာ ဘုန်းကြီးကျောင်းပိုင် မော်တော် ယာဉ်တစ်စီးအား သေနတ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်၊ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2022

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မ သဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2022

လက်မှတ်ရပြည်သူ့စာရင်းကိုင်(Certified Public Accountant - CPA) (ပထမပိုင်း) အမှတ်စဉ်- ၄၆ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2022

ခေတ်မီဒီဂျစ်တယ်နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖြင့် လယ်ယာကဏ္ဍ၏ ကုန်ထုတ် စွမ်းအားမြှင့်တင်နိုင်ရန် လယ်ယာကဏ္ဍ အဆင့်-၄ (Agriculture 4.0) ကို လက်တွေ့ပြောင်းလဲ အကောင်အထည်ဖော်နိုင်ရေး၊ ပြည်သူများအား မိမိဝန်ကြီးဌာနက ဝန်ဆောင်မှုပေးလျက်ရှိနေသည့် လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးတို့အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ICT ကို ယခုထက် ပိုမိုကျယ်ပြန့်စွာ သုံးစွဲရန်လိုအပ်ကြောင်း ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2022

ရင်းနှီးမြှုပ်နှံသူများအတွက် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် (DICA Online Solution - DOSo)ကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2022

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့တွင် ငွေကျပ်သိန်း ၄,၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2022

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ဥက္ကလာပ မြို့နယ် ၆ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့် အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ခရိုင်အတွင်းရှိ ပုဂ္ဂလိကပိုင်နှင့် အစိုးရဌာနဆိုင်ရာပိုင် မရွှေ့မပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများအပေါ် သတ်မှတ်သော ရာခိုင်နှုန်းဖြင့် ပစ္စည်းခွန်စည်းကြပ်ခြင်း လုပ်ငန်းဝန်ဆောင်မှုပေးနိုင်ရန် ရာပြတ်ဌာန၏ ခရိုင်ရုံးခွဲထားရှိဆောင်ရွက် နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2022

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2022

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပထမအကြိမ် ရေကြောင်း တိုင်းတာရေးဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေး (1st Joint Committee MeetingJCM) သို့ တက်ရောက်ရန် အတွက် အိန္ဒိယရေတပ်မှ ရေကြောင်း တိုင်းတာရေးဆိုင်ရာ အကြီးအကဲ Goap Vice Admiral Adhir Arora နှင့်ဇနီး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်