နေပြည်တော် ဇွန် ၆
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဗိုလ်ချုပ် ကျေးရွာရှိ ဆုထူးပန်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ လေဆိပ်တပ်ဦးစာသင် တိုက်၊ သဲအင်းဂူတရားပြကျောင်းတိုက်၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ ဝါးခုတ် ချောင်းဘုန်းတော်ကြီးကျောင်း၊ မြောက်ဦးမြို့ရှိ ဆင်ဝန်တောင် ဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့ရှိ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး သပိတ် ကျင်းမြို့နယ်ရှိ ကျောက်လှည်းဘီး ရွာသစ်ဘုန်းတော်ကြီးကျောင်း၊ ဝါးဖြူတောင်ကျေးရွာ ဘုန်းတော် ကြီးကျောင်း၊ အုန်းတကူးကျေးရွာရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်