Jan 05, 2022
မြို့နယ်အချို့ရှိ ခရိုင်ပညာရေးမှူးရုံးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမား များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 05, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အင်ဂါးကျေးရွာသို့ ရောက်ရှိနေသည့် KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ဖမ်းဆီး ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။
Jan 05, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။
Jan 05, 2022
တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များကို ချီးမြှင့်အပ်နှင်းပေးသည်။
Jan 05, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင် ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။
Jan 05, 2022
ပြီးခဲ့သောရက်များအတွင်း နိုင်ငံတကာနှစ်သစ်ကူးနေ့၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့များနှင့်အတူ နှစ်ဦးချိန်ခါသမယကို ကောင်းသောမျှော်လင့်ချက်များဖြင့် ကြိုဆိုခဲ့ကြသည်။ နှစ်ဟောင်းတစ်ခုကုန်ဆုံး၍ နှစ်သစ်ဆီသို့ ဝင်ရောက်ချိန်တွင် မိမိတို့ဖြတ်သန်းကြရမည့် နှစ်သစ်တစ်လျှောက် အနှောင့်အယှက်၊ အခက်အခဲများ၊ ပင်ပန်းဆင်းရဲမှု၊ ကြမ်းတမ်း ခက်ထန်မှုများကို မည်သူမျှမကြုံတွေ့လို။ ငြိမ်းအေးချမ်းသာမှု၊ သာယာဝပြောမှု၊ ချောမွေ့ဖြောင့်တန်းမှုတို့ကိုသာ လူတိုင်းကိုယ်စီ အလိုရှိကြသည်သာ ဖြစ်သည်။
Jan 05, 2022
"နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးဆုံးရှုံးရန် အတွက် ရက်ပိုင်းလပိုင်းမျှသာပေးဆပ်ခဲ့ရပါသည်။ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေးဆုံးရှုံးရသည်ထက် ကြီးမားသည့် ဆုံးရှုံးမှုမရှိသောကြောင့် မိမိတို့နိုင်ငံ၏အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးအတွက် နိုင်ငံသားအားလုံးတို့တွင် ထိန်းသိမ်းစောင့်ရှောက်ရန် အပြည့်အဝ တာဝန်ရှိပါသည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
Jan 04, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Jan 04, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာနမှဦးဆောင်၍ အထောက်အကူပြု ဝန်ကြီးဌာနများဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲ၊ ရွှင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းခွဲ (သပြေကုန်း)၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
Jan 04, 2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပရာ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက်၍ ဆုချီးမြှင့်သည်။
Jan 04, 2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင် ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(Sports Complex) ရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပသည်။ ပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီ ဒုဥက္ကဌ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့် ရှုအားပေးကြသည်။
Jan 04, 2022
၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်း အနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှေ့ ရင်ပြင်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Jan 04, 2022
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်အဖွဲ့သည် ယနေ့ နံနက် ၇ နာရီတွင် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ (Final Disposal Site - FDS) သို့ ရောက်ရှိပြီး တာဝန်ရှိသူများကို အမှိုက်စွန့်ပစ်မှုစီမံခန့်ခွဲရေးကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် နည်းပညာအသုံးပြုမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာတွင် စီးပွားရေးလုပ်ငန်းရှင်များက အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေးအား တာဝန်ယူဆောင်ရွက်နေသည့် နည်းတူ ထိန်ပင်နောက်ဆုံးအမှိုက်ပုံကိုလည်း စွမ်းအင်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းရှင် များစွာက စိတ်ပါဝင်စားစွာ လာရောက်လေ့လာသည် ကို တွေ့ရှိရသဖြင့် Feasibility Study ဖြစ်နိုင်ခြေ လေ့လာမှုများ ဆောင်ရွက်နိုင်ရန် အားပေးစီစဉ်သွားရမည်ဖြစ်ကြောင်း၊ အမှိုက်စွန့်ပစ်မှုလျှော့ချ နိုင်ရေးအတွက် ပြည်သူများကို Awareness Campaign အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
Jan 04, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား တစ်ဦး၊ အမျိုး သမီး လေးဦး၊ စုစုပေါင်း ငါး ဦးတို့ကို လက်ခံခဲ့ကြသည်။
Jan 04, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) တည်ဆောက်နေသည့် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတားတည်ဆောက်ရေးတာဝန်ခံနှင့် တံတားဦးစီးဌာန စီမံကိန်းတာဝန်ခံအင်ဂျင်နီယာချုပ်တို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်းများ စီမံချက်အတိုင်း သတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေးတို့ကို အထူးဂရုပြု ဆောင်ရွက်ကြရန် မှာကြားသည်။
Jan 04, 2022
လယ်ယာမြေမှအပ ဥယျာဉ် ခြံမြေများ၊ ကိုင်းမြေများ၊ ယာမြေများနှင့် အခြားမြေများအား အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုများအပေါ် မိမိတို့အစိုးရအဖွဲ့က ဥပဒေ၊ နည်းဥပဒေနှင့် အညီ ခွင့်ပြုချထားပေးရာတွင် စိုက်ပျိုးနိုင်သောမြေဧရိယာများ လျော့နည်းမှုမရှိစေရေး အနည်းဆုံး ဧရိယာကိုသာ ခွင့်ပြုချထားပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
Jan 04, 2022
ကျောက်မဲမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ငွေကျပ် ၇၇၄ သိန်းတန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jan 04, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 04, 2022
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှ စတင်၍ KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ပျက်စီးစေလိုသည့် ခေါင်းဆောင်အချို့ပါဝင်သောအဖွဲ့၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသမှ အပြစ်မဲ့ပြည်သူများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
Jan 04, 2022
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၀- ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြင့်နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်း၌ပြုလုပ်ရာ ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။