Apr 29, 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးသံမှူး Mr. Andrei Iunak အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၆) ရှိ ဧည့်ခန်းမတွင် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ လက်ခံတွေ့ဆုံသည်။
Apr 29, 2026
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်မြို့ ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
Apr 29, 2026
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အရာထမ်း၊ အမှုထမ်းများတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အခွန်အယူခံခုံအဖွဲ့ရုံး ရုံးအမှတ် (၅၇) စုပေါင်းခန်းမ၌ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်ကျော်သူ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Apr 29, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကြီးကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့မှ ကဆုန်လပြည့်ကျော် ၂ ရက်အထိ (ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ) ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။
Apr 29, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ မစ္စတာ တေရီ အက်စကီဆီလက်စ်စီထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။
Apr 29, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ သုံးရက်တိုင်ကျင်းပမည်ဖြစ်ရာ ထိုသို့ကျင်းပပုံများကို MRTV Parliament Channel မှ နေ့စဉ် တိုက်ရိုက် (Live) ရိုက်ကူး/ထုတ်လွှင့်ပေးမည်ဖြစ်သည်။
Apr 29, 2026
၁။ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ပြီး သက်ဆိုင်ရာနိုင်ငံများရှိ လုပ်ငန်းခွင်များသို့ ပြန်လည်ထွက်ခွာခွင့်ပြုပါရန် တရားဝင်ရုံးပိတ်ရက်မပါ ၅ ရက်ကြိုတင်၍ သတ်မှတ်ပုံစံ၊ စာရွက်စာတမ်းအထောက်အထားများနှင့်တကွ လျှောက်ထားလာမှုများအားစိစစ်ပြီး ပြည်ပထွက်ခွာခွင့်များအား Safe Migration Telegram Channel တွင် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
Apr 29, 2026
အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ယူပို့ဆောင်လျက်ရှိသော ဟော်မုဇ်ရေလက်ကြား၌ တင်းမာမှုများနှင့် ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရာ ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့သည်။ ရေနံစိမ်းဈေးမြင့်တက်မှုနှင့်အတူ စက်သုံးဆီဈေးနှုန်းများလည်း လိုက်ပါမြင့်တက်ခဲ့ရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများ၏ စက်သုံးဆီဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၌ ဂယက်ရိုက်ခတ်မှုများဖြစ်ပေါ်ပြီး အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။
Apr 29, 2026
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို အားပေးမြှင့်တင်ပြီး ပြည်ပရောင်းတန်းဝင်ကုန်ပစ္စည်းများထုတ်လုပ်၍ ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ကုန်ထုတ်လုပ်မှုနည်းပါးခြင်းကြောင့် GDP လွန်စွာနည်းပါးနေသည်ကို တွေ့ရှိနိုင်သည်။
Apr 28, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား လေးဦး၊ အင်ဒိုနီးရှားနိုင်ငံသား လေးဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦး၊ ဘူရွန်ဒီနိုင်ငံသား တစ်ဦး၊ ရဝမ်ဒါနိုင်ငံသား တစ်ဦးနှင့် လာအိုနိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၄ ဦးတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
Apr 28, 2026
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက်သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 28, 2026
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ တပ်မတော်သားမိသားစုဝင်သားသမီးများ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများဖြစ်လာစေရန်၊ လက်တွေ့အသုံးချ ဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများတိုးပွားစေရန်ရည်ရွယ်၍ဖွင့်လှစ်ခဲ့သည့် ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျူတာသင်တန်း သင်တန်းဆင်းပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မော်လမြိုင်မြို့ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Apr 28, 2026
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ်(၁၂)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် သတင်းမီဒီယာဥပဒေနှင့်အညီ ကောင်စီ၏လုပ်ငန်းအရပ်ရပ်ကို ဆောင်ရွက်လျက်ရှိပါသည်။
Apr 28, 2026
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ်ပေးပို့လျက်ရှိပါသည်။
Apr 28, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 28, 2026
နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များနှင့် အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Apr 28, 2026
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (တတိယအကြိမ်) ကို ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၄) တွင် ဖွင့်လှစ်သည်။
Apr 28, 2026
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။
Apr 28, 2026
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် Grade-10 ၊ Grade-11 ၊ Grade-12 သင်ကြားရေးတာဝန်ယူကြမည့် ဆရာ ဆရာမများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးအထူးပြုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။
Apr 28, 2026
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ် (တောင်ကြီး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
