Skip to main content

Nov 15, 2025

နေ့သင်တန်းများ ဖွင့်လှစ်ကြောင်း ကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာရှိ ငလျင်ဒဏ်သင့် သမိုင်းဝင်လောကထိပ်ပန်စေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုပြီး စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် စပ်လျဉ်းသည့် မူဝါဒများအား တင်ပြလျှောက်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ-၂ ဦးဟန်မင်းဆွက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၁၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဒေါ်စောယုမာက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၄ ရက်ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)နှင့်(B)တို့ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုအသင်းကြီးက ကြီးမှူးပြုလုပ်သည့်(၁၀၅) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ မင်္ဂလဘွဲ့တော်များဆက်ကပ်ချီးမြှင့်ခြင်းနှင့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကုန်းမြင့်သာရှိ ဇေယျာသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ကျန်းမာရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်‌နှင့် မန္တလေးငလျင်ကြီးတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေ ၆ နာရီတွင် ရုံးအမှတ်(၄)၊ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ကြီးပွားချမ်းသာရေး မင်္ဂလာတရားတော်ကို အမျိုးမျိုးအဓိပ္ပာယ်ဖော်ဆောင်ကြသည်။ အချို့က ကောင်းသောအဆင်းကိုမြင်ရလျှင် ကြီးပွားကြောင်းဖြစ်၏။ အချို့ကကောင်းသောအသံကိုကြားရလျှင် ကြီးပွားကြောင်းဖြစ်၏။ အချို့ကကောင်းသောအနံ့အရသာ အတွေ့ခံစားရလျှင် ကြီးပွားကြောင်းဖြစ်၏ဟု အယူရှိသည်ဟု ပြောဆိုကြသည်။ သို့သော် တိကျသောအဖြေကိုမူမရကြပေ။ နောက်ဆုံးတွင် နတ်သားတစ်ပါးက မြတ်စွာဘုရားထံရောက်ရှိပြီး ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားကို ဟောတော်မူရန်တောင်းပန်သဖြင့် မြတ်စွာဘုရားက မင်္ဂလသုတ်တရားတော်ကို ဟောတော်မူသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့အခြေစိုက်သံတမန်များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားသည့်အစီအစဉ်ကို နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၌ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲကိစ္စအကြောင်းအရာများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအကြောင်းအရာများ၊ နယ်စပ်ဒေသအခြေပြု နိုင်ငံဖြတ်ကျော်မှုခင်းများ၊ နယ်စပ်အခြေပြုလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများ၏ ပူးပေါင်းကျူးလွန်နေမှုများကို တိုက်ဖျက်နေသည့်ကိစ္စများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2025

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို ပြည်တွင်းနည်းပညာရှင်များက ပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်သဖြင့် စက်၏အရည်အသွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးနိုင်ရေးတင်ပြခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီက မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါနည်းပညာဆပ်ကော်မတီအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာစံချိန်စံညွှန်း (မူကြမ်း)ကို ရေးဆွဲတင်ပြခဲ့သဖြင့် အမျိုးသားစံချိန်စံညွှန်းကောင်စီအနေဖြင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပုဒ်မ ၅ ပုဒ်မခွဲ (ခ)ပါ လုပ်ငန်းတာဝန်အရ ၂ - ၉ - ၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၀၇၅/၂၀၂၅ ဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2025

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟို၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန် နာယကကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် တလုပ်ပင်ကျေးရွာအုပ်စု ကွင်းအမှတ်-၁၈၅၄(ခ)တွင် ဒို့မြန်မာအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းက အသားတိုးနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2025

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ထိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၂၅၆ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများ ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၃၄၇ မှု၊ လက်နက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၈၆ မှုကို အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2025

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နိုဝင်ဘာ ၁၀ ရက်က အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် (Electric Vehicle ၊ EV) Training of Trainers သင်တန်းဖွင့်ပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2025

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ နော်အုန်းလှနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နော်စုစုလှိုင်တို့က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၁၃ ရက်ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်