Skip to main content

Nov 16, 2025

စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI)၏ (၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2025

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ အထည်ချုပ်စက်ရုံများ ဖြစ်သည့် U Better (Myanmar) Fashion Co., Ltd. ၊ Myanmar Huasheng Golden Fashion Co., Ltd. နှင့် Myanmar Guotai Huasheng Fashion Co., Ltd. တို့မှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်ရှင်နှင့် အလုပ်သမားများ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေး မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2025

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ဖိတ်ကြားချက်အရ (၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2025

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေမှုတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အစီအစဉ်ဖြင့် အသိပညာပေးနှိုးဆော်ရေး ရွေးကောက်ပွဲလှုံ့ဆော်တေး ရိုက်ကူးနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2025

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Shangri-La Hotel ၌ နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် ၂၀၂၅ ကိုရီးယား-အာဆီယံမူဝါဒဖလှယ်ရေးအသိုက်အဝန်း၊ နိုင်ငံတကာအစိုးရမူဝါဒဆိုင်ရာဆွေးနွေးပွဲသို့ အဓိက ဧည့်သည်တော်အဖြစ် တက်ရောက်၍ ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနား၌ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2025

“နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီ၏ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ ဗဟုသုတ ပြည့်ဝစေခြင်းဖြင့် အမျိုးသားပညာရေးကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် ယနေ့ကာလတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် အရာရာကို စဉ်းစားတွေးခေါ်ကာ အမှား၊ အမှန်ကို ခွဲခြားသိရှိပြီး နိုင်ငံနှင့်လူမျိုးအကျိုး သယ်ပိုးဆောင်ရွက်ရန် အရေးကြီးပါသည်” ဆိုသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာစကားကို မှတ်သားရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2025

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်လူရွယ်များကို မှန်ကန်ထိရောက်အကျိုးရှိစွာ ဆောင်ရွက်စီမံပေးနိုင်ရန် အရေးကြီးသည်။ မိမိတို့နိုင်ငံတွင် လက်ရှိကာလအတွင်း အလုပ်လုပ်နိုင်သည့်အရွယ် လူငယ်လူရွယ်ဦးရေသည် များပြားနေဆဲ၊ တစ်နည်းအားဖြင့် လူဦးရေဆုလာဘ် ရရှိနေဆဲကာလဖြစ်ရာ နိုင်ငံတွင် ပိုင်ဆိုင်ထားသည့် လူသားအရင်းအမြစ်ကို မြှင့်တင်ပေးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာအသုံးချသွားရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် တက္ကသိုလ်များ၊ ပညာရေးကောလိပ်များနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးကို နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၉) သို့ တက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပုသိမ်တပ်နယ်အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ တတိယအကြိမ် မြန်မာ-ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် နိုဝင်ဘာလ ၁၀ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေသော ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စီးတို့သည် ပင်လယ်ပြင်၌ လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် အတူ နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ လေ့ကျင့်ခန်းဧရိယာသို့ထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kilashko မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့်ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ၁၄-၁၁-၂၀၂၅ ရက်နေ့၊ ၀၉:ဝ၀ နာရီမှ ၁၇:၀၀ နာရီအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Hai Geng (ဟိုင်ဂင်) ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ညနေပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကျက်သရေဆောင် ကျိုက်သလံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ဇီဝကျင့်ဝတ်များ (Bioethics) ဆိုင်ရာဆွေးနွေးပွဲ (၁/၂၀၂၅) ကို နိုဝင်ဘာ ၁၁ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ပုဂ္ဂလိကကဏ္ဍ၏ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရေးနှင့် နိုင်ငံတကာစျေးကွက် စံချိန်စံညွှန်းမီ အရည်အသွေးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားပေးကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ရတနာသိင်္ဂီ စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်၏ ရေထွက်ပစ္စည်းပြုပြင်အေးခဲခြင်းနှင့် ရေခဲစက်ရုံ၌တန်ချိန် ၁၁ဝဝ ဆံ့ အအေးခန်းဖြင့် ပြင်ပအပ်ကုန်များ လက်ခံဆောင်ရွက်ပေးနေမှု၊ ရတနာသိင်္ဂီစက်မှု လုပ်ငန်းကုမ္ပဏီလီမိတက် (အအေးခန်းစက်ရုံ)မှ ရေချိုငါး၊ ရေငန်ငါးများအေးခဲပြုပြင်ပြီး China၊ Saudi၊ Kuwait၊ UAE နိုင်ငံများသို့ အဓိကတင်ပို့နေမှုနှင့် BAP စနစ်ဖြင့် ဆော်ဒီနိုင်ငံသို့ မွေးမြူရေးငါးများတင်ပို့နိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

ဆော်ဒီအာရေဗျနိုင်ငံ ခရီးသွားလာရေးဝန်ကြီးနှင့်ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့အတွင်းရေးမှူးချုပ်တို့၏ ဖိတ်ကြားချက်အရ ဆော်ဒီအာရေဗျနိုင်ငံ ရိရတ်ဒ်မြို့ရှိ မန်ဒရင်း အော်ရီယန်တယ်အယ်ဖဆာလိယဲ့ဟိုတယ်၌ နိုဝင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့(UN Tourism)၏ (၂၆)ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့အထွေထွေညီလာခံ(UN Tourism General Assembly) နှင့်ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

နိုင်ငံတစ်ဝန်း၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကျင်းပ

ဆက်လက်ဖတ်ရှုရန်

Nov 15, 2025

နီပေါနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသန့်စင်သည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နီပေါနိုင်ငံ သမ္မတအိမ်တော် Rastrapati Bhawan Maharajgunj ၌ နီပေါနိုင်ငံသမ္မတ မစ္စတာ ရမ်ချန်ဒရာ ပေါ်ဒဲလ်ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်