Skip to main content

Chin Dwin Shan Constrution Co,Ltd နှင့် Earth Renewable Energy Co,Ltd တို့၏ 60KW DC Fast Charging Stationနှင့် EV Charging Station များဖွင့်လှစ်

နေပြည်တော် မတ် ၂၀

Chin Dwin Shan Constrution Co,Ltd နှင့် Earth Renewable Energy Co,Ltd တို့၏ 60 KW DC Fast Charging Stationနှင့် EV Charging Station ဖွင့်ပွဲများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သခင်မြပန်းခြံနှင့်လှည်းကူးမြို့နယ်ရှိ အမြန်လမ်းမိုင်တိုင် (၁) မိုင်တို့၌ပြုလုပ်ရာ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ညွန့်၀င်းဆွေ၊ ဆောက်လုပ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းဖေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၀န်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အဦးများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းဖေက အဖွင့်အမှာစကား ပြောကြားပြီး Chin Dwin Shan Constrution Co,Ltd နှင့် Earth Renewable Energy Co,Ltd မှ တာဝန်ရှိသူများက STATION များဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးနှင့်တာ၀န်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် တိုင်းဒေသကြီး၀န်ကြီးချုပ်၊ တိုင်းမှူးနှင့်တာ၀န်ရှိသူများသည် 60 KW DC Fast Charging Station နှင့် EV charging Station တို့မှ ကားများအားလှည့်လည်ကြည့်ရှုကြပြီး EV (လျှပ်စစ်ကား) များကို စမ်းသပ်မောင်းနှင်ခဲ့ကြကြောင်း သတင်းရရှိသည်။