Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဗီယင်နာမြို့အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာ  မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၂၀

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗီယင်နာမြို့အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုကို ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ပြောကြားခဲ့ပြီး မြန်မာ-ဩစတြီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး အခွင့်အလမ်းများ၊ ဩစတြီးယား-မြန်မာအသင်း၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 သတင်းစဉ်