Skip to main content

Oct 22, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ ဝန်ကြီးဌာနများမှ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ပညာသင်ကြားခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

ဗန်းမော်မြို့၊ ရွှေပြည်သာမြို့နယ်နှင့် မိုင်းပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်း လစဉ်တိုက်ဆိုင်စိစစ်ခြင်းနှင့် မဲရုံများလျာထားသတ်မှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်က တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်ဦးဆောင်သောဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ထားဝယ်မြို့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင်ပိတောက်ခွဲသား ၈ဒသမ ၅၀၇၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၉၅၅၁၈၀)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Nissan Diesel အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၉၅၅၁၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

၁၃၈၄ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် မြန်မာနိုင်ငံစာရေးဆရာအသင်းသို့ စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ ဦးဝေလွင်(စာရေးဆရာ ဝေလွင်မောင်)က ထပ်မံလှူဒါန်းသည့် အလှူငွေကျပ်ရှစ်သိန်း၊ ဆရာကြီးဦးမျိုးသန့် (မောင် ဆုရှင်) မိသားစုကငွေကျပ် သုံးသိန်း၊ ဗိုလ်မှူးစောငွေ(ငြိမ်း) (မောင်ငွေအိုး) မိသားစု၊ စာရေးဆရာမ ဗိုလ်ချိုမြေတင်တင်ဝင်း (ရန်ကင်းမြို့နယ်)နှင့် အင်းစိန်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ ဦးဝင်းနိုင်(မင်းဆက်ပိုင်)မိသားစု၊ မိတ္ထီလာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်ထွဏ်း(တင်တော်)၊ နတ်တလင်းမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်ဝင်း(ညွန့်ဝင်း-နတ်တလင်း)၊ ရဲအုပ်မောင်မောင်အေး(ငြိမ်း)(စုံထောက် မောင်ရေခဲ)- ဒေါ်ညွန့်ညွန့်(ညွန့်ညွန့်-ကလော)၊ ဒေါက်တာဘရွှေ(မောင်ရဲမောင်) ဗဟန်းမြို့နယ်၊ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်း၊ မိတ္ထီလာ မြို့နယ်စာရေးဆရာအသင်း၊ နတ်တလင်းမြို့နယ် စာရေးဆရာအသင်း၊ ကော့မှူးမြို့နယ်စာရေးဆရာအသင်းနှင့် ကြည့်မြင်တိုင် မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၉၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၉၁၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တို့၌ ဒေသခံပြည်သူ ၈၅၄ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၅၇၄၅ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၁၄)သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ရေးပြကွင်း၌ကျင်းပရာ ဦးစွာသင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအားအလေးပြုကြပြီး ဆက်လက်၍ ပါမောက္ခချုပ် ဦးဇော်ဇော်အား အလေးပြုကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် စက်ရုံ၊ အလုပ်ရုံများအား အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း သုဝဏ္ဏခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ အကြိမ်(၃၀)မြောက် (ပုံမှန်)အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယနေ့အထိ အိမ်သုံး/အများသုံး ဆိုလာစနစ်နှင့် အသေးစားဓာတ်အားစနစ်တို့ဖြင့် မဟာဓာတ်အားလိုင်း ပြင်ပဧရိယာ၏ ၃၅ ဒသမ ၆ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ပြီး စွမ်းအင်ကဏ္ဍစီမံခန့်ခွဲမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ (ESMAP) လေ့လာချက်စစ်တမ်းများအရ စွမ်းအင်ရရှိမှုအဆင့် ၁ မှ ၅ အထိ ဖြည့်ဆည်းပေးနိုင်ခဲ့ကာ ယခုဘဏ္ဍာရေးနှစ်တွင်လည်း အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၁၀၄၀၊ အိမ်ခြေပေါင်း ၄၈၇၅၁ အိမ်ကိုလည်းကောင်း၊ အသေးစားဓာတ်အားစနစ် စီမံကိန်းလုပ်ငန်းသုံးခုကို ကျေးရွာရှစ်ရွာ အိမ်ခြေပေါင်း ၁၂၁၅ အိမ်ကိုလည်းကောင်း လျာထားဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ အဖွဲ့ဝင်အချို့ပါဝင်သည့် ဒုတိယအကြိမ် ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့နံနက် ၁၀ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်တတ်ကျွမ်းပြီး ပြည်သူလူထုကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဖွင့်လှစ်ပေးသည့် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၄)နှင့် အင်ဂျင်နီယာလုပ်ငန်းကျွမ်းကျင် မှုမွမ်းမံသင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အသက်(၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော နီပေါသံအမတ်ကြီး H.E. Mr. Harish-chandra Ghimire အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်