Oct 25, 2022
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ချောက်/လမ်းရွာရေနံမြေ တွင်းအမှတ် CDT-13၊ CDT-14 နှင့် CDT-15 တို့ကို တူးဖော်နိုင်ခဲ့သကဲ့သို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီနှင့် ပူးပေါင်း၍ တွင်းပေါင်း ၁၄ တွင်း တူးဖော်နိုင်ခဲ့ရာ တစ်ရက်လျှင် ရေနံစိမ်း ၈၀၈ စည်နှင့် သဘာဝဓာတ်ငွေ့ ၁ ဒသမ ၈၇၁၂ သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
Oct 25, 2022
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၄၁၇၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Oct 25, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 25, 2022
သီတင်းကျွတ်ကာလကျော်လွန်ပြီးနောက် ပွင့်လင်းရာသီရောက်လာပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အရှေ့အနောက်ဝန်းကျင်ရှိ ပင်လယ်ပြင်၌ ဖြစ်ပေါ်ခဲ့သော လေထုမတည်မငြိမ် ဖြစ်မှုများကြောင့် လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းငယ်များ၏ အရှိန်ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဝန်းကျင်တစ်ခွင် သာယာလာမည့်အချိန်၌ ရုတ်တရက် အုံ့မှိုင်းထစ်ချုန်းလာမှုများနှင့် လေပြင်းတိုက်ခတ်မှုအခြေအနေများ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်လာသည်။
Oct 25, 2022
တပ်မတော်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်မှုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင်စတင်ခဲ့ပြီး ယခုနှစ်ကုန်အထိ ထုတ်ပြန်မှုပေါင်း ၂၁ ကြိမ် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် (၂၀၂၂ ခုနှစ်)ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် NCA စာချုပ်ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိသည်။
Oct 24, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 24, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်)အား PDF အမည်ခံအကြမ်းဖက်အဖွဲ့က ယနေ့ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ်တစ်စီးအသုံးပြုကာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
Oct 24, 2022
သတင်းတု သတင်းမှားနှင့် သတင်းလိမ်များဖော်ပြ၍ ကောလာဟလ ဖြန့်ဝေနေကြသော Online Media များက ဖားကန့်တေးဂီတဖျော်ဖြေပွဲအား တပ်မတော်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အပြစ်မဲ့ပြည်သူများနှင့် ကချင်ဝါရင့်အဆိုရှင်အချို့ သေဆုံးခဲ့ကြောင်း လူမှုကွန်ယက်တွင် ကောလာဟလသတင်းများ ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Oct 24, 2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့အကျိုးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များအပေါ် မမှန်သတင်းများ အမြဲတမ်းထုတ်လွှင့်နေသည့် တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media အနေဖြင့် ဗန်းမောက်မြို့နယ်အတွင်းရှိ ဆေးရုံ ၂ ခုအား တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မဟုတ်မမှန်သတင်းအား အောက်တိုဘာ ၂၃ ရက်နေ့တွင် လူမှုကွန်ယက်များပေါ်၌ ကောလာဟလသတင်းများ ထုတ်လွှင့်ခဲ့သည်။
Oct 24, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
Oct 24, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ဒေါက်တာစုစုဒွေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာရှိ မုံရွာဆရာမိုး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ကုန်ချောလည်ပတ်ထုတ်လုပ်နေမှု၊ ထုတ်ပိုးမှုနှင့် အရည်အသွေး ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Oct 24, 2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် (၁၄)မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၃ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Oct 24, 2022
၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
Oct 24, 2022
အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သာသနာ့ဝံသဓမ္မာရုံ၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဉာကိန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 24, 2022
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင်ကျရောက်မည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံးကြီး၌ ဆောင်ရွက်ကြသည်။
Oct 24, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အတွင်း ဘုန်းတော်ကြီးကျောင်း များ၌ သံဃာတော်များ ဆွမ်းဆန်တော်အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ကုလားပဲများအား ဆက်ကပ်လှူဒါန်းလျက်ရှိရာ
Oct 24, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 24, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Oct 24, 2022
ကချင်ပြည်နယ် ပူတာအိုခရိုင်၌ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေးစိစစ်ဆောင်ရွက်ခြင်းနှင့် မဲရုံလျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။
Oct 24, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။