Oct 28, 2022
အီးယူနှင့် ဂျပန်တို့သည် ကုန်သွယ်မှုဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံများဖြစ်သည့်အလျှောက် ၎င်းတို့လက်မှတ်ရေးထိုးထားသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Economic Partnership Agreement-EPA) တွင် သတင်းအချက်အလက် စီးဆင်းမှုဆိုင်ရာ စည်းမျဉ်းများအား ထပ်မံထည့်သွင်းနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကိုနောက် တစ်ဆင့်တက်ရန် သဘောတူခဲ့ကြသည်။
Oct 28, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန မော်ကွန်းနှင့်စာကြည့် တိုက်ဌာနစုတွင် ထိန်းသိမ်းထားရှိသည့် မော်ကွန်းမှတ်တမ်းများကို မော်ကွန်းမှတ်တမ်းများဥပဒေနှင့်အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 28, 2022
အိမ်ခန်းပေါင်း ၁၀၀၀၀ ပါဝင်သည့် ပြည်သူ့အငှား အိမ်ရာစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပထမအဆင့် အနေဖြင့် အိမ်ခန်း ပေါင်း ၅၀၀၀ ကျော် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
Oct 28, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Oct 28, 2022
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 28, 2022
တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေ ရန်ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၂) (Conference on Science and Technology Development – 2022) (CSTD-2022) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေ ပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
Oct 28, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 28, 2022
ယခုအခါ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများအပြင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၌ (Corruption Prevention Unit- CPU) များ ဖွဲ့စည်းပြီးဖြစ်၍ နိုင်ငံအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောကြားသည်။
Oct 28, 2022
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအားဖျက်သိမ်း
Oct 28, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ရာ၌ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ဖြင့် ဖော်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့်ကာလတွင် အကျပ်အတည်းများ ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားပြီး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသဖြင့် အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်ခဲ့သည်။
Oct 28, 2022
ကမ္ဘာတစ်ဝန်းလုံးတွင် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နည်းလမ်းတကျ ပူးပေါင်းဆက်ဆံကြ ခြင်းဖြင့် အမျိုးမျိုးသော အကျိုးထူးများ ခံစားရနိုင်သည်ဟု မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၆ နှစ်ခန့်က ပြောကြားခဲ့သည့် ၎င်း၏မိန့်ခွန်းတစ်ရပ်တွင် “ပြင်သစ်အင်ဒို ချိုင်းနားခေါ် ပြည်နယ်များ၊ ယိုးဒယားပြည်၊ မာလာယုပြည်နယ်များ၊ အင်ဒိုနီးရှားပြည်နယ်များနှင့် ကျွန်ုပ်တို့ မြန်မာပြည်တို့ကို မကြာမီပူးပေါင်း၍ “အင်ဒိုချိုင်းနားပြည်ထောင်စု” ဟူသော အမည်နာမဖြင့် ပြည်ထောင်စုတစ်ခု တည်ထောင်ရန် လိုကောင်းလိုလာပေလိမ့်မည်” ဟု ဆိုခဲ့ရာ မျက်မှောက်ခေတ် အာဆီယံ အဖွဲ့အစည်းကို မြန်မာအမျိုးသားခေါင်းဆောင်က ထိုစဉ်ကပင် မျှော်မှန်းခဲ့ခြင်းဖြစ်သည်။
Oct 27, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 27, 2022
KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO(ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများကြောက်ရွံ့ ထိတ်လန့်စေရန်ရည်ရွယ်၍ ယခုလ ၂၁ ရက်တွင် မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့်ရုံးဌာန အဆောက်အဦများအတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင် လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့်ပူးပေါင်း၍ တုန့်ပြန်တိုက်ခိုက်ခဲ့ပြီး မြို့အတွင်း လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
Oct 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ခန်းမတွင် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
Oct 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
Oct 27, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Oct 27, 2022
Teaching Assistance(TA) နှင့် Language Teacher (LT)ဆရာ/ ဆရာမများ ရွေးချယ်ခန့်ထားရေးတွင် ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတို့တွင် တာဝန်အရှိဆုံး ဖြစ်ပါကြောင်း၊ ယနေ့မျက်မှောက်ကာလတွင် တိုင်းရင်းသားဘာသာစကား ပြောဆိုနိုင်သည့် မိဘနှစ်ပါးကမွေးဖွားလာသည့် သားသမီးများပင်လျှင် မိခင်ဘာသာစကားကို တတ်မြောက်ကျွမ်းကျင်မှု နည်းပါးလာသည်ကို တွေ့မြင်နေရပါကြောင်း၊ မိမိတို့၏ဘာသာစကားကို မကာကွယ်မစောင့်ရှောက်နိုင်ပါက ဘာသာစကား ပျောက်ကွယ်သွားနိုင်ပြီး လူမျိုးပါပျောက်ကွယ်နိုင်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။
Oct 27, 2022
နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အဓိကမောင်းနှင်အားတစ်ခု ဖြစ်သည်နှင့်အညီ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည်လည်း ယင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်များအား တွေ့ဆုံသည်။
Oct 27, 2022
ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က ပဲခူးမြို့ရှိ တော်ဝင်ဟံသာခန်းမ၌ ကျင်းပသည်။
Oct 27, 2022
၂၀၂၂ ခုနှစ် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် လာအိုနိုင်ငံမှ ကြီးမှူး၍ (၁၀) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာဝန်ကြီးများ အစည်းအဝေး (ASEAN Ministers Responsible for Culture and Arts - AMCA) နှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။