Feb 06, 2024
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် တပ်မတော်နှင့် AA လက်နက်ကိုင်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရမ်းဗြဲမြို့ရှိနေအိမ်များ မီးလောင်ပျက်စီးသည်မှာ အလုံး ၆၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ပြည်သူများအထင်အမြင် လွဲမှားစေရန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 06, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 06, 2024
နေပြည်တော်ကောင်စီဝင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အစားထိုးခန့်အပ်ခြင်း
Feb 06, 2024
ငါးလုပ်ငန်းရေရှည် တိုးတက်စေရေး၊ နောင်လာမည့် အနာဂတ်ကာလတွင် ငါးရိက္ခာဖူလုံစေရေးနှင့် ရေနေသတ္တဝါများ၏ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်မပျက်စီးစေရေးအတွက် မှန်ကန်ထိရောက်သော ငါးလုပ်ငန်းစီမံခန့်ခွဲမှုဖြစ်စေရန်နှင့် ငါးလုပ်ငန်းဦးစီးဌာန အရာထမ်း အမှုထမ်းများအားလုံး အရည်အချင်းမြင့်မားစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အစဉ်တစိုက် ဖြည့်ဆည်းကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့တွင် နေပြည်တော်ရုံးအမှတ်(၃၆)၌ ကျင်းပသည့် ငါးလုပ်ငန်းဦးစီးဌာန အရာထမ်းများစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Feb 06, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အင်္ဂလိပ်စာကျွမ်းကျင်မှု စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Feb 06, 2024
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် ယနေ့တွင် ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ တာဝန်ရှိသူများနှင့်အတူ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် သင်တန်းတက်ရောက်နေကြသည့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်း သင်တန်းသားသင်တန်းသူများ၊ တက္ကသိုလ်မှ သင်ကြားရေးနှင့် အုပ်ချုပ်မှုဌာနများမှ ဆရာဆရာမများကို ရတနာခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
Feb 06, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
Feb 06, 2024
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပနေမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် တည်ထားကိုးကွယ်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသည် ယနေ့တွင် လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 06, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် ကော်မရှင်အဖွဲ့ဝင်များနှင့်ဝန်ထမ်းများအား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Feb 06, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။