Skip to main content

Nov 16, 2022

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2022

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2022

“အားကစားဆိုသည်မှာ ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်နှင့်အညီ နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ်လည်း ဖြစ်လာနေပြီကို ပြောကြားလိုကြောင်း၊ မိမိအသင်း၊ မိမိနိုင်ငံအတွက် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အပိုင်းအခြားအထိ ပြိုင်ဘက်ကိုအလျှော့မပေးဘဲ အားကစားစိတ်ဓာတ်အပြည့်နှင့်ယှဉ်ပြိုင်ခြင်းသည် နိုင်ငံ့ပုံရိပ်ကို မြှင့်တင်မည်ဟူသည့် ခံယူချက်ကြောင့်ပင်ဖြစ်ကြောင်း၊ အားကစားသမားကောင်းတစ်ယောက်၏ အောင်မြင်မှုနှင့် ထင်ပေါ်ကျော်ကြားမှုများသည် ရေမြင့်လျှင် ကြာတင့်ဆိုသကဲ့သို့ ၎င်း၏ကိုယ်စားပြုနိုင်ငံကိုပါ အလိုလိုမြှင့်တင်ပေးပြီးသားဖြစ်စေခဲ့ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2022

လူကုန်ကူးမှုနှင့်ပတ်သက်၍ နိုင်ငံခြားအစိုးရများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် အမေရိကန်သမ္မတ၏ အဆုံးအဖြတ်ကြေညာချက်အမှတ် ၂၀၂၃ - ၀၂ ကို အမေရိကန်သမ္မတ အိမ်ဖြူတော်ကပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အမေရိကန်လွှတ်တော်က ၂၀၀၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဥပဒေပါ အနိမ့်ဆုံးစံနှုန်းများအတိုင်း သို့မဟုတ် စံနှုန်းများနှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းအားထုတ်မှုအနည်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသော်ကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက နိုဝင်ဘာ ၁၃ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ဆိုင်ကလုန်းရှပ်တာ(Sinekalone Shutter)တွင် အခြေပြု၍ဒေသခံပြည်သူ ၁၁၁၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၄-၁၁-၂၀၂၂) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁၅-၁၁-၂၀၂၂) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၃၂၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၉၄) ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ(၁.၁၃) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြုခြင်းနှင့် ဗီဇာကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း(၉၀)ကျော်မှ ခရီးသွားဧည့်သည်များလာရောက်ခဲ့ကြောင်း၊ ထို့ပြင် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ကို အာဆီယံ(၈)နိုင်ငံအားခွင့်ပြုပေးခဲ့ပြီး နိုင်ငံပေါင်း(၁၀၀)ကျော်ကိုလည်း အီလက်ထရောနစ်စနစ်ဖြင့် ဗီဇာများခွင့်ပြုပေးလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025- AEC 2025) လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ သုံးခုနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online + Offline ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်း ပြည့်ဝစေရန်နှင့် ရုံးလုပ်ငန်းများ ပိုမိုကျွမ်းကျင်စွာ တတ်မြောက်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ပြည်သူများ လျှပ်စစ်အန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရန်၊ လျှပ်စစ်အား အကျိုးရှိထိရောက်စွာ အသုံးပြုတတ်စေရန်၊ လျှပ်စစ်ကြောင့် ဓာတ်လိုက်မှုဖြစ်စဉ်များ လျော့နည်းသွားစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ ဝင်ငွေတိုးတက်လာပြီး လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန်တို့အတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို အသိအမှတ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဝန်ထမ်းများမိတ်ဆုံစားပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

(၂၀၂၂) ခုနှစ် အမျိုးသားကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေသော ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်းများသို့ရောက်ရှိပြီး အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိနေသည်များကို ကြည့်ရှုစစ်ဆေးကာ အာမခံအလုပ်သမားများနှင့် တွေ့ဆုံအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “တနင်္သာရီတိုင်းဒေသကြီး မြိတ် - ထားဝယ် ကားလမ်းဘေးရှိ ပုလောမြို့နယ်သို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်