Jan 07, 2023
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အကျဉ်းထောင်အတွင်းရှိ အိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊ အချုပ်သား ၇၀ ခန့်သည် ယနေ့နံနက်ပိုင်းတွင် အိပ်ဆောင်ဝင်းတံခါးများကို ချိုးဖျက်ဖျက်ဆီးခြင်း၊ အကျဉ်းဦးစီးဌာနဝန်ထမ်းများကို အော်ဟစ်ဆဲဆိုခြင်း၊ မချေမငံပြောဆိုခြင်းနှင့် ရန်မူရန်ကြိုးပမ်းလာခဲ့သဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည်ပြန်လည်ဝင်ရောက်ရန် ဖျောင်းဖျ ပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက်အော်ဟစ်ဆူပူမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
Jan 07, 2023
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သော အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။
Jan 07, 2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်း၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ် ဖောင်ကြီးအခြေခံပညာအထက်တန်းကျောင်း၊ မင်းကုန်းအခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jan 07, 2023
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ အထိမ်းအမှတ်ပြခန်းနှင့် အားကစားပြိုင်ပွဲများတွင် တက်ကြွစွာ ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုသည့်အနေဖြင့် ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီး ဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။
Jan 07, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့် ဦးဆောင်၍ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏အကျိုး ကာကွယ်စောင့်ရှောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန သံလွင်ခန်းမ၌ ကျင်းပသည်။
Jan 07, 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 07, 2023
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
Jan 07, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားသည်။
Jan 07, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည့်အချက်များကို ဖော်ပြထားပါသည်။
Jan 07, 2023
မြန်မာနိုင်ငံသည် ရေသယံဇာတအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး ရေချိုထုတ်ယူနိုင်မှုတွင် ကမ္ဘာ့အဆင့် ၈ ရှိသည်ဟုဆိုသည်။ လူတစ်ဦးတစ်နေ့အတွက် ရေချိုရရှိမှုကို အိမ်နီးချင်းနိုင်ငံအချို့နှင့်နှိုင်းယှဉ်ပါက အိန္ဒိယက ၁၅၆ ကုဗပေ၊ ထိုင်းက ၃၂၀ ကုဗပေရရှိပြီး မြန်မာက ၁၀၃၂ ကုဗပေရရှိနေခြင်းဖြစ်သည်။ ဤသည်မှာ လူတစ်ဦးချင်းပျမ်းမျှရရှိမှု ကိန်းဂဏန်းပမာဏများသာဖြစ်ပြီး ဒေသအလိုက်အားဖြင့် မိုးရာသီကုန်ဆုံးသည်နှင့် ရေအတွက် ရတက်ပွေကြရသည့် ဒေသများစွာတို့ရှိနေသည်ကိုလည်း တွေ့နိုင်သည်။
Jan 06, 2023
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့ကြသည့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားစာအရောင်းပြခန်းများအား တတိယနေ့အဖြစ် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြသဖြင့် အထူးစည်ကားလျက်ရှိသည်။
Jan 06, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၅-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၆-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၁၆၈) ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၉)ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၂၂) ရာခိုင်နှုန်းရှိပါသည်။
Jan 06, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။
Jan 06, 2023
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံသားများ၏ လူ့အခွင့်အရေး ဖောက်ဖျက်ခံ ရမှုများနှင့်ပတ်သက်၍ တိုင်ကြားစာများကို လက်ခံလျက်ရှိပြီး ယင်းတိုင်ကြားစာများကို စိစစ်ခြင်း၊ စုံစမ်း စစ်ဆေးခြင်း၊ ညှိနှိုင်းဖြေရှင်းပေးခြင်းများနှင့် သက်ဆိုင်ရာဌာနများသို့ ဖြေရှင်းကုစားပေးရန် တိုက်တွန်းအကြံပြု ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
Jan 06, 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများ စုစုပေါင်း ၅၅ ခန်းနှင့် ဂုဏ်ပြုယာဉ် စုစုပေါင်း ၄၈ စီးကို ဇန်နဝါရီ ၄ ရက် မှ ၈ ရက်အထိ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသလျက်ရှိရာ ဇန်နဝါရီ ၅ ရက်တွင် ပြည်သူများ တစ်ခဲနက်လာရောက်လေ့လာကြည့်ရှုနေမှုများကို ဖော်ပြအပ်ပါသည်။ ဓာတ်ပုံမှတ်တမ်း - သက်အောင်
Jan 06, 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ရှေ့ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲ ခဲ့ကြသူများနှင့် ပြည်သူများ တစ်ခဲနက် လာရောက် လေ့လာကြည့်ရှုကြသည်။
Jan 06, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 06, 2023
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ဆက်လက်ခင်းကျင်းပြသလျက်ရှိသည်။
Jan 06, 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသားကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။