Skip to main content

Jan 10, 2023

(၇၅) နှစ်‌မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုဝေးခန်းမကြီး၌ ကျင်းပပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် အထူး ဆု ရရှိသူများအား ဆုများပေးအပ် ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်ရှိ တက္ကသိုလ်ဗဟိုသုတေသနဌာနသို့ သွားရောက်၍ သုတေသနဓာတ်ခွဲခန်းများ၊ လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ တုံဂပူရိဟိုတယ်၌ ကျင်းပသော ရုရှားဘာသာစကားပြော အခြေခံသင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဘာဝနာမဟာသဘာ တရားထိုင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ် လျှပ်စစ်အင်ဂျင် နီယာရုံးတွင် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် ပတ်သက်၍ ပြည်နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားကာ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် အမှုထမ်း(ဒုတိယဦးစီးမှူး)များ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက် မည့် (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းရှေ့ မျက်ခင်းပြင်၌ ဌာနေတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် မနောအကဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ( ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက် ) ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား- ယနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့သည် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံသည့် (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပါလီမန်ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ဒီမိုကရေစီခေတ်၊ တပ်မတော်ခေတ်၊ ဒီမိုကရေစီခေတ်ဟူ၍ ခေတ်လေးခေတ်ဖြင့် ဖြတ်သန်းခဲ့ရာတွင် ပြည်သူများလိုလား နှစ်သက်ကြသည့်ခေတ်မှာ ဒီမိုကရေစီခေတ် ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အဓိကကျသည့် ကဏ္ဍဖြစ်သည်။ ရွေးကောက်ပွဲဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ပြည်သူကိုယ်စား တာဝန်ယူဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

“နိုင်ငံနှင့်လူမျိုးနှင့် ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုအင်အားဖြင့် အခိုင်အမာရင်ဆိုင်ကျော်လွှားနိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။”

ဆက်လက်ဖတ်ရှုရန်

Jan 09, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2023

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၈-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၂၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၇)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၇) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2023

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2023

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့စားသုံးဆီတင်ပို့ရောင်းချနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် နေကြာနှင့်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်နှင့် စားသုံးဆီပိုလျှံလာစေရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့်လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံစဉ် အသိပေးပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2023

(၄၄)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချီးမြှင့်သည့် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ရရှိသော သွေးလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2023

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Jan 09, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 09, 2023

SIM Card မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်

ဆက်လက်ဖတ်ရှုရန်