နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁) ၌ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၆/၂၀၂၂ (မန္တလေး)၊ ၃၀/၂၀၂၂ (မန္တလေး)၊ ၁/၂၀၂၃ (ရန်ကုန်) နှင့် ၂/၂၀၂၃ (ရှမ်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၃၂/၂၀၂၂ (ရခိုင်)၊ ၆/၂၀၂၃ (ပဲခူး) နှင့် ၁၂/၂၀၂၃ (မန္တလေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၃) မှု တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်