Skip to main content

စတုတ္ထအကြိမ်မြောက် မဲခေါင် - လန်ချန်း ရုပ်သံသီတင်းပတ် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ ထွက်ခွာ

နေပြည်တော်    ဩဂုတ်    ၁၅

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ဩဂုတ် ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် စတုတ္ထ အကြိမ်မြောက် မဲခေါင် - လန်ချန်းရုပ်သံ သီတင်းပတ် စားပွဲဝိုင်းဆွေးနွေးပွဲ (4th Lancang–Mekong Audiovisual Week Roundtable Conference)သို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

အဆိုပါ ရုပ်သံဆွေးနွေးပွဲကို တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံခန့်ခွဲရေး အဖွဲ့အစည်း(NRTA)နှင့် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့က တာဝန်ယူကာ ယူနန်ပြည်နယ် ရေဒီယိုနှင့်ရုပ်မြင်သံကြားစီမံခန့်ခွဲရေးအဖွဲ့အစည်းနှင့် ယူနန်မီဒီယာအုပ်စု(YMG)၊ လန်ချန်း-မဲခေါင် နိုင်ငံတကာဂြိုဟ်တုရုပ်သံလိုင်းတို့ ပူးပေါင်း၍ စီစဉ်ကျင်းပခြင်းဖြစ်ပြီး  ယင်းဆွေးနွေးပွဲသို့ မဲခေါင်ဒေသနိုင်ငံများဖြစ်ကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊  ရုပ်သံဌာနအကြီးအကဲများနှင့် မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တောင်အာရှနိုင်ငံများမှ မီဒီယာကိုယ်စားလှယ်များ တက်ရောက်၍ ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်