နေပြည်တော် ဩဂုတ် ၁၅
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးယာဉ် ၁၄ စီး၊ Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသော BYD D1 အမျိုးအစား လျှပ်စစ်သုံးယာဉ် အစီး ၂၀ ၊ BYD Tang အမျိုးအစား လျှပ်စစ်သုံးယာဉ် သုံးစီး၊ စုစုပေါင်း လျှပ်စစ်သုံးယာဉ် ၃၇ စီးနှင့် The Golden Octopus Co., Ltd.မှ တင်သွင်းလာသော Segway အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် ၄၈ စီးသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာရာ ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
သတင်းစဉ်