Feb 28, 2023
(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စံပြကျေးရွာ စနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးစီး၍ တောင်သူများထံပြန်လည်ပေးအပ်ခြင်း၊ ပေါက်ပင်သာ-ဂွေးပင် ရွာအဝင်လမ်းနှင့် ရွာတွင်းလမ်းဖွင့်လှစ်ခြင်း၊ ရှားတောယာယီရေထိန်းဆည်မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်းအခမ်းအနားများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ သတ်မှတ်နေရာများတွင် ကျင်းပသည်။
Feb 28, 2023
အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့အသိပေးနှိုးဆော်ချက်
Feb 28, 2023
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။
Feb 28, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 28, 2023
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
Feb 28, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Myanmar Arts Center ၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်များတွင်ထားရှိမည့် ပန်းချီကားများ ရေးဆွဲနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများနှင့် ပန်းချီပညာရှင်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပန်းချီရေးဆွဲမှုအကြောင်းအရာ နည်းစနစ်များနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းကာ ပန်းချီကားများအချိန်မီပြီးစီးရေးနှင့် လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။
Feb 28, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး မွန်းလွဲပိုင်းတွင် ၆၆/၁၁ ကေဗွီ သံတွဲဓာတ်အားခွဲရုံသို့သွားရောက်၍ ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Feb 28, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် နိုင်ငံတော်၏ ပကတိအခြေအနေများအပေါ်မူတည်၍ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်ထွန်းလာရေးကို ရှေးရှုချမှတ် ဖော်ဆောင်နေသော လုပ်ငန်းစဉ်များဖြစ်သည်။ နိုင်ငံကိုတာဝန်ယူဆောင်ရွက် နေသောကာလအတွင်း အစ၊ အလယ်၊ အဆုံးသုံးပါးစလုံးအတွက် မမှိတ်မသုန်ခံယူ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များဖြစ်သည်။
Feb 28, 2023
သတ္တလောကကြီးတွင် လူနှင့်အတူ တိရစ္ဆာန်များနှင့် အခြားသက်ရှိဇီဝများလည်း အမြောက်အမြားရှင်သန်နေထိုင်ကြရာ လူနှင့်တိရစ္ဆာန်များအကြားတွင် ထင်မှတ်မထားဘဲ ပေါ်ထွက်လာသည့်ရောဂါအသစ်အဆန်းများက လူသားထုတစ်ရပ်လုံးကို မကြာခဏဆိုသလိုခြိမ်းခြောက်လျက်ရှိသည်။ ၂၁ ရာစုသို့အဝင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ဖြစ်ပွားခဲ့သည့်အထိတ်တလန့်ဖြစ်ဖွယ်ရောဂါများ၏ ၇၅ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မှလူသို့ကူးစက်သော ရောဂါများဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးပွားလာခြင်း၊ ကမ္ဘာတစ်ဝန်းသို့ လူနှင့်ကုန်စည်များ အမြောက်အမြား လျင်မြန်စွာကူးသန်းသွားလာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့က တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါများ (Zoonosis)တို့ ပေါ်ထွက်လာရခြင်း၏ အခြေခံအကြောင်းရင်းများ ဖြစ်သည်ဟုဆိုသည်။
Feb 27, 2023
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများထုတ်ပြန်ပြီးသည့်နောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ သည်လည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party (AFP)] တို့သည်လည်းကောင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။
Feb 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
Feb 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 27, 2023
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်အုပ်စုများသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများအား ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။ ထို့အပြင် CRPH နှင့် NUG တို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်ချိတ်ဆက်၍ လက်နက်/ခဲယမ်းများဝယ်ယူကာ PDF အမည်ခံအကြမ်းဖက်သမားများအားထောက်ပံ့၍ အပြစ်မဲ့ပြည်သူများအပေါ် ခြိမ်းခြောက်ခြင်း၊ လူသတ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
Feb 27, 2023
ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။
Feb 27, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 27, 2023
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Feb 27, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၆-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၉၀၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁) ရာခိုင်နှုန်း ရှိပါသည်။
Feb 27, 2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်ဒိုင်းကြီးကျေးရွာနှင့် ခန္တီးမြို့နယ် လာဝယ်ကျေးရွာတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ယနေ့တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Feb 27, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အကြိုဗိုလ်လုပွဲ)ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ဆက်လက်ကျင်းပသည်။
Feb 27, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)သို့ ကြည့်ရှုစစ်ဆေးသည်။