နေပြည်တော် ဩဂုတ် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၂၆ - ၈ - ၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၅)၊ အမှတ် (၃၄)တွင် ဘုရင်ကြီးအပေါ်ထားရှိသည့် စေတနာမှန်ကန်မှုကြောင့် ဘုရင်ကြီး၏ လေးလေးစားစား ဆက်ဆံခြင်းကိုခံရသော ဘုရင့်အကြံပေးကြက်တူရွေးအကြောင်း ရေးဖွဲ့ထားသည့် “ပညာရှိကြက်တူရွေး” မျက်နှာဖုံးကာတွန်း၊ ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်ဥယျာဉ်ကြီး ၃ ခု အကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်ဥယျာဉ်များ” သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ မိခင်တိုင်းက သူတို့၏သားသမီးများအပေါ် အသက်နှင့်ထပ်တူ ချစ်ခင်ကြသည့်အကြောင်း သရုပ်ဖော်ထားသည့် “အသက်နှင့်ထပ်တူ” နှစ်မျက်နှာကာတွန်း၊ မိမိအပေါ်တစ်ပါးသူ၏ ပြုဖူးသော ကျေးဇူးကိုမေ့လျော့ကာ စိတ်ထားကောက်ကျစ်ခဲ့မှုကြောင့် အသက်ပါဆုံးရှုံးခဲ့ရသော ကျီးကန်းတစ်ကောင်၏ အကြောင်းကို ရေးဖွဲ့ထားသည့် “ကျီးကန်းနဲ့ပင်လယ်စာ” ပုံပြင်ကဏ္ဍ၊ ကျောင်းစာတွင်သာမက ဗဟုသုတပါ ပြည့်စုံသည့် ရွှေယုအကြောင်း တင်ဆက်ထားသည့် “ရွှေယုပါဝင်တဲ့စာဖတ်ပါ” တစ်မျက်နှာကာတွန်း၊ အသိပညာ၊ အတတ်ပညာနှင့် ဘဝတိုးတက်ရေးပညာများကို သင်ကြားပေးနေသည့် ဆရာဆရာမတို့၏ ဆုံးမစကားများကို လေးစားလိုက်နာကာ တန်ဖိုးထားတတ်ရမည်ဖြစ်ကြောင်းရေးဖွဲ့ထားသည့် ဆရာမင်းနီခိုင် (မောင်တော)၏ “ဆရာ့စကား” ကဗျာကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍနှင့် အင်္ဂလိပ်စကားဝိုင်းကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
သတင်းစဉ်