Skip to main content

Mar 05, 2023

တပေါင်းလသည် မြန်မာလများတွင် ၁၂ လမြောက် တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်ပြီး ဆောင်းမှ နွေအကူး၊ ဆောင်းတစ်ဝက် နွေတစ်ဝက်လဖြစ်သည်။ တပေါင်းလပြည့်နေ့တွင် ဆောင်းရာသီကုန်ဆုံးပြီဖြစ်ပြီး တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှစကာ နွေသို့ကူး၍ နွေဦးပေါက်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၄ ရက် နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ကတ်သလစ်အသင်းတော်ရုံး၌ ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ ဘာသာရေးခေါင်ဆောင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တည်ထားကိုးကွယ်သည့် ဗိုလ်ပန္တကုန်းတော် မဟာဝံသဗုဒ္ဓဂယာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက် (၇) နာရီခွဲက အဆိုပါ ဗိုလ်ပန္တကုန်းတော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ထွက်ခွာ လာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင် သံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာအုပ်စု၊ သဗြုချိုင်ကျေးရွာဆိပ်ကမ်းသို့ရောက်ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် သံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာအုပ်စု၊ သဗြုချိုင်ကျေးရွာရှိ အေဒင်အအေးခန်းစက်ရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၃၀၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ (တပေါင်း) ပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်၌ပြုလုပ်ရာ ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ ရှော်မယ်၊ လက်ကောက်ဈေး၊ ထမ္မရာဇ်၊ တောင်မြင့်၊ ဝက်လှ၊ မြို့သစ်၊ ကိုးနဝင်းနှင့် ပြလှ ယာယီခိုလှုံရာစခန်းများ၌ ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင် မိသားစုများသည် ၎င်းတို့၏သဘောဆန္ဒဖြင့် မူလနေရပ်ဒေသများသို့ ပြန်လည်နေထိုင်ကြမည်ဖြစ်ရာ အဆိုပါယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ လတ်တလော စားသောက်နေထိုင်ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ဦးတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန်အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၄-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၅၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၄) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှအဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်သူမြိုင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး‌ဂေဟာနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော သီလရှင်လေးများ ဘိုးဘွားရိပ်သာတို့ကိုသွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပန်းတ‌နော်မြို့နယ်ရှိ Global Earth စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းထွက်တန်ဖိုးမြင့် ကုန်ထုတ်လုပ်ငန်း အများပိုင်ကုမ္ပဏီလီမိတက်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူ ထုတ်လုပ်သည်မှ အသင့်စားသုံးနိုင်သော ငါးအခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်နေရာတည်းတွင် စုဖွဲ့ဆောင်ရွက်နေမှု၊ ဝန်ထမ်း ၆၀၀၀ ကျော် တိုက်ရိုက်ခန့်ထားဆောင်ရွက်နေမှုနှင့် ဆက်စပ်အလုပ်အကိုင်အခွင့်အလမ်း ၅၀၀၀၀ ကျော်အား အကျိုးပြုနေမှုကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မတ် ၁ ရက် ညနေပိုင်းက မုံရွာမြို့ ကိုယ်ပွားသတင်းစာတိုက်နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းအစီအစဉ်ဖြစ်သည့် ဦးစီးဌာနအလိုက် နှစ်စဉ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေးအစီအစဉ်(Departmental Annual Implementation Plan-DAIP)ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စုဝေးခန်းမ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၁ နှင့် စီမံကိန်းအဆင့်-၂ တို့ကို ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ SME နှစ်ဆင့်ချေးငွေစီမံကိန်း၏ လုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကို ယနေ့တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၅) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အိန္ဒိယနိုင်ငံ အာသံပြည်နယ် Guwahati မြို့တွင် ယမန်နေ့နံနက်ပိုင်းကကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံနှင့် ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ဆီမီးဖယောင်းတိုင်မီးထွန်းညှိ၍ စတင်ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ အာယုဗေဒဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

၂၁ ရာစုကာလတွင် ကမ္ဘာပေါ်၌ နည်းပညာများ အလျင်အမြန်တိုးတက်ဖြစ်ထွန်းလာသည်။ တိုးတက်ထွန်းကားလာသော နည်းပညာအမျိုးမျိုးအနက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသည် နိုင်ငံတကာနယ်ပယ်အသီးသီးတွင် ပိုမိုခရီးပေါက်လာသည်။ ယခင်က သတင်းအချက်အလက်တစ်ခုသည် ကမ္ဘာပတ်ရန် အချိန်များစွာကြာမြင့်ခဲ့ပြီး ယခုအခါ စက္ကန့်ပိုင်းအတွင်း ကမ္ဘာတစ်ပတ်သို့ ရောက်ရှိနိုင်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံပေးခြင်းတို့သည် လူကုန်ကူးမှုပင်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာကိုလည်းကောင်း၊ လုပ်အားကိုလည်းကောင်း ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အထက်ပါအတိုင်း လူကုန်ကူးမှုတွင် လှည့်ဖြားခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ အင်အားသုံးခြင်း စသည့်နည်းလမ်းများကို ကျူးလွန်သူတို့က သုံးစွဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2023

၂၀၂၃ ခုနှစ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း​၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ အ​ရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်​ရောက်သည်။

ဆက်လက်ဖတ်ရှုရန်