Skip to main content

Mar 06, 2023

၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ အံတော်ရှင် တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2023

​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များအသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီက Pilot Project ကို အကောင်အထည်ဖော်နေသည်။ အဆိုပါစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းခြင်းနှင့် အားသွင်းဌာနများ တည်ဆောက်ခြင်းတို့အား တစ်ပြိုင်တည်း အကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2023

မကြာသေးမီရက်ပိုင်းအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် ခရီးသည်တင်ယာဉ် မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါသူများအနက်မှ ရိုးရာလက်ဝှေ့ချန်ပီယံဟောင်းတစ်ဦး အပါအဝင် သုံးဦးအသက် ဆုံးရှုံးခဲ့ရပြီး ခရီးသည်များဆယ်ဂဏန်းနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြသည်။ သတင်းများအရ အဆိုပါခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအကာအရံတန်းများကို တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့မှ ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ သက်ဆိုင်ရာနေရာများ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ အသီးသီးတက်ရောက်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် သံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၇၄ ဦးအား  ၎င်းကျေးရွာရှိ အေဒင်အအေးခန်းစက်ရုံ(ဟောင်း)၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှူအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင့်ကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၄-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၃၉၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) သည် ယနေ့တွင် သံတွဲမြို့နယ် ကျောက္ကလပ် ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာ ဆိပ်ကမ်းသို့ရောက်ရှိရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေး အဖွဲ့များသည် သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာရှိ အေဒင်အအေးခန်းစက်ရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၃၀၃ ဦး အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများထံမှ (၁၈) ကြိမ်မြောက် သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် စေတီတော်ရင်ပြင် ဓမ္မာရုံအတွင်း၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသကိုယ်စား နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ကိုးဆောင်တိုက်၊ သီရိမာလာကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇောတိပါလ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရနှင့် ဒေသခံသြဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်ချီးမြှောက်တော်မူကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံလေလွင့်ဆုံးရှုံးမှုလျော့ပါးစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

လျှပ်စစ်သုံးယာဉ်များအတွက် မြန်မာနိုင်ငံ၏ပထမဆုံးသော လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ (နေပြည်တော်) MG EV Charging Station (NPT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်သပြေကုန်းဈေး ယာယီမဏ္ဍပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) တွင် သင်ကြားသင်ယူမှုနှင့် သုတေသနဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

အစားအစာ ဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေဆီလွှာနှင့် ရေအရင်းအမြစ်များ ကောင်းမွန်ရန်လိုအပ်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေးနှင့် အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ ဖူလုံပိုလျှံစွာ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကင်းသော စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မြေဆီလွှာနှင့် ရေတွင်ပါဝင်လျက်ရှိသော သတ္တုများအား စစ်တမ်းကောက်ယူခြင်းစီမံကိန်းကို မဲခေါင် - ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD အမျိုးအစား လျှပ်စစ် သုံးယာဉ် ၁၉ စီးသည် ယမန်နေ့က ထီးတန်းဆိပ်ကမ်းသို့ ရောက်ရှိလာပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် Asia Pacific Auto-maker Corporation Co., Ltd. မှ တင်သွင်းလာသော Dongfeng အမျိုးအစား လျှပ်စစ်သုံးယာဉ်အစီး ၃၀ သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ယမန်နေ့က လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကာ အဆိုပါလျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုသည် ပြည်တွင်းလျှပ်စစ် သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

တပေါင်းလပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ပြည်တော်ဝင်အခါတော်နေ့ဖြစ်သည်။ ကာဠုဒါယီမထေရ်က မြတ်ဗုဒ္ဓအား ကပိလဝတ်ရွှေမြို့တော်သို့ ကြွတော်မူပါရန် လျှောက်ထားသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့ဖြစ်သည်။ ကပိလဝတ်ရွှေပြည်တော်ဝင်ရန် ကာဠုဒါယီမထေရ် လျှောက်ထားချက်ကို မြတ်စွာဘုရားရှင် လက်ခံတော်မူပြီး တပေါင်းလပြည့်ကျော် တစ်ရက်နေ့တွင် ရဟန္တာနှစ်သောင်းခြံရံလျက် ရာဇဂြိုဟ်မြို့မှ စတင်ထွက်ခွာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2023

တပေါင်းလသည် မြန်မာလများတွင် ၁၂ လမြောက် တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်ပြီး ဆောင်းမှ နွေအကူး၊ ဆောင်းတစ်ဝက် နွေတစ်ဝက်လဖြစ်သည်။ တပေါင်းလပြည့်နေ့တွင် ဆောင်းရာသီကုန်ဆုံးပြီဖြစ်ပြီး တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှစကာ နွေသို့ကူး၍ နွေဦးပေါက်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်