Aug 31, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရိုက်ကူးထုတ်လွှင့်ရေးလုပ်ငန်းများ၊ စတူဒီယိုခန်းမများ၊ သတင်းခန်းများ၊ နိုင်ငံတော်ဆိုင်းဝိုင်းနှင့် သံစုံတီးဝိုင်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
Aug 30, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလင်ပိဋကတ်တိုက်နှင့် ရုပ်ရှင်စတူဒီယိုတို့သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Aug 26, 2021
အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) ကပေးအပ်မည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
Aug 18, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပျဉ်မနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(ပျဉ်မနား)သို့ ရောက်ရှိပြီး ဗဟိုဌာနသင်တန်းခန်းများနှင့် အစည်းအဝေးခန်းများကို ကြည့်ရှုစစ်ဆေးသည်။
Aug 11, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ ပိုမိုပူးပေါင်း လာစေရန်အတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပြည်သူများအသိပညာပေး လုပ်ငန်း များကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စေရေးနှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရေးအတွက် လည်းကောင်း “ကိုဗစ်- ၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်နှင့် “ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်များဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲများကို ပြန်ကြားရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။
Aug 07, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ ယမန်နေ့ ညနေ ၅ နာရီခွဲတွင် စတင်၍ ဗွီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပပြုလုပ်သည့် (၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
Jul 20, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ပြဇာတ်စာပေ တတိယဆုရရှိသည့် စာရေးဆရာ မောင်စိုးထိုက် (သုံးဆယ်) ၏ “တာဝန်ကိုယ်စီရှိပါသည်နှင့်အခြားပြဇာတ်များ” စာအုပ်ကို ရောင်းဈေး ကျပ် ၁၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက် ရှိသည်။
Jun 25, 2021
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်းရှိ ဘောလုံးအားကစားကွင်းအနီး မြေကွက်လပ်၌ ကျင်းပသည်။
Jun 14, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၆/၂၀၂၁ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဇွန် ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jun 13, 2021
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတို့၏ စီစဉ်မှုဖြင့် လားရှိုးမြို့ တွင် တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက် အအုံသစ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
Jun 12, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၆/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
May 19, 2021
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာတွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ထုတ်ပြန်မှုအခြေအနေအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ အသုံးပြုခဲ့သည့် နောက်ဆုံး မဲစာရင်း soft copy များကို ရယူပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ထုတ် ပြန်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ ထုတ်ပြန်ပြီးစီးမှုများအရ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ၁၅ ခုရှိ မြို့နယ်ပေါင်း ၁၉၈ မြို့နယ်၊ မဲရုံပေါင်း ၂၇၂၄၈ ရုံကို စိစစ်ခဲ့ရာတွင် မြို့နယ်ကော်မရှင်စာရင်းအရ မဲဆန္ဒရှင် ၂၇၃၆၆၇၃၁ ဦး ဖြစ်သော်လည်း လဝက စာရင်းအရ ၂၂၈၃၉၀၈ ဦးသာရှိပြီး ၅၀၈၂၈၂၃ ဦး ကွာခြားမှု ရှိကြောင်း၊ ၎င်းတို့အနက် စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၃၈၇၆၇၅ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်း သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၂၅၂၈၀ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ် ပါဝင် သူ၂၄၆၂၁၄၁ ဦး ရှိသည်ကို တွေ့ရှိရပါကြောင်း။
May 19, 2021
ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသော မန္တလေးမြို့ရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံ လေးရုံနှင့် ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းသည့်စာချုပ် (Deed of Assignment) ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ညနေ ၅နာရီခွဲက မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
May 16, 2021
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ၅/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပ
May 13, 2021
နိုင်ငံပိုင်ရုပ်ရှင်ရုံ တောင်ကြီး (မြသုခ)၊ လားရှိုး(အောင်သီရိ)တို့၏တာဝန်နှင့်ဝတ္တရားလွှဲပြောင်းခြင်း စာချုပ် ချုပ်ဆိုခြင်းကို မေ ၁၂ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 03, 2021
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား လုပ်ဆောင်လျက်ရှိသည်။
May 01, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈)ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရွေးချယ်ရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။
Apr 29, 2021
ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 27, 2021
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
