Feb 26, 2021
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များအား လေးစား လိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အားယာယီသမ္မတမှလွှဲပြောင်း တာဝန်ပေးအပ် ထားသည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ခေတ္တထိန်းသိမ်းဆောင်ရွက် လျက်ရှိကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉) ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန် လာစေရန် အင်တိုက်အားတိုက် ဆောင်ရွက်လျက် ရှိသည်။
Feb 15, 2021
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ဝန်ထမ်းများ အပန်းဖြေရိပ်သာ (Recreation Centre) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။
Feb 15, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅) နှစ်မြောက် စိန်ရတုအထိမ်း အမှတ်အဖြစ် မြန်မာ့ရုပ်မြင် သံကြား (MRTV) အစီအစဉ်တွင် အင်္ဂလိပ် ဘာသာဖြင့် သတင်းအစီအစဉ် (National News)of coalnya: ထုတ်လွှင့်မည် ဖြစ်သည်။
Jan 29, 2021
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
Jan 29, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Jan 28, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 26, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ၂၆-၁-၂ဝ၂၁ ရက်နေ့၊ ( ၁၀ : ၀ဝ) နာရီ အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပပြုလုပ်သော ၂ဝ၂၀ - ၂ဝ၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူမည့် လုပ်ငန်းသုံး/ရုံးသုံး စက်ကိရိယာ ပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီမှ စျေးနှုန်းစိစစ်ခဲ့ရာ တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများမှ ယှဉ်တွဲပါစျေးနှုန်းနှင့် အရေအတွက်ဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေငြာအပ်ပါသည် -
Jan 26, 2021
၂၆-၁-၂ဝ၂၁ ရက်နေ့၊ (၁၀ : ၀ဝ)နာရီ အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် (၂၀၂၁-၂၀၂၂ ပညာသင်နှစ်)အတွက် အခြေခံပညာကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန်နှင့် အခြားပုံနှိပ်လုပ်ငန်းများတို့အတွက်
Jan 26, 2021
နေပြည်တော် ဇန်နဝါရီ ၂၆
7 Book Zay Online Bookstore မိတ်ဆက်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်
Jan 21, 2021
စာပေထုတ်ဝေဖြန့်ချိရေးကဏ္ဍအား ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းသစ်တစ်ခုအဖြစ် ပိုမိုတိုးတက်အောင်မြင်စေရေးနှင့် ပံ့ပိုးကူညီပေးနိုင်ရေး အတွက် 7 Book Zay Online Bookstore (7BookZay.com) မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက Virtual စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ခဲ့သည်။
Jan 18, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း အောက်ဖော်ပြပါ လူထုအခြေပြုဗဟိုဌာန (Community Centre) နှင့် ရုံးအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မြေထိန်းနံရံ ပြင်ဆင်ခြင်းတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်နှင့် အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ကြီးကြပ်ကွပ်ကဲမှုဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ ယှဉ်တွဲပါကုမ္ပဏီများက အိတ်ဖွင့်တင်ဒါ အောင်မြင်ကြောင်း ကြေညာအပ်ပါသည်-
Dec 30, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပြည်တွင်း/ ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Dec 27, 2020
“စာပေအနုပညာမူပိုင်ခွင့်နှင့်စာချုပ်များ အသိပညာပေးဆွေးနွေးပွဲ အပိုင်း (၃)” ဆွေးနွေးပွဲကို ယနေ့ည (၇) နာရီအချိန်က အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆရာ ချစ်ဦးညိုက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က အဖွင့်အမှာစကား ပြောကြားသည်။
Dec 11, 2020
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် Information Matrix ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်ကျင်းပသော မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင် ပဟေဠိ ပြိုင်ပွဲ (8 PM Quiz Night Show) ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ည (၈) နာရီအချိန်တွင် 7Day TV Facebook စာမျက်နှာမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ကျင်းပမည်ဖြစ်သည်။
Dec 10, 2020
သုတဝေဖြာ-သီရိဂေဟာ (Family Quiz) ပညာပေးအစီအစဉ် ပြိုင်ပွဲထုတ်လွှင့်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Online စနစ်ဖြင့် ကျင်းပသည်။
Dec 10, 2020
ဂျပန်နိုင်ငံ Toshokan Ryutsu Centre (TRC) ကပြုလုပ်သည့် စာကြည့်တိုက်ဝန်ဆောင်မှုဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က Virtual စနစ်ဖြင့် ကျင်းပပြုသည်။
Dec 02, 2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ စာတမ်းဖတ်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတစ်ဝန်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရိုင် ဦးစီးမှူးများက Zoom Application ဖြင့် ပါဝင် တက်ရောက်ကြသည်။
Dec 02, 2020
နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
