Skip to main content

၁၂-၆-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၆/၂၀၂၁ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဇွန် ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဦးစွာ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် ယနေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ ဆဋ္ဌမအကြိမ် မြောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများ၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် အထောက်အကူပြုအဖွဲ့များ အားလုံး မင်္ဂလာပါဟု နှုတ်ခွန်းဆက်ပါ ကြောင်း။ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားမည့် အကြောင်းအရာများမှာ နံပါတ်တစ်အနေဖြင့် နိုင်ငံတစ်ဝန်းလုံး စာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှု အခြေအနေ၊ နံပါတ်နှစ်အနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် Phoenix Media Interview မှ အရေးကြီး ကောက်နုတ်ချက်များ၊ နံပါတ်သုံးအနေ ဖြင့် ဘဏ္ဍာရေး ပြောင်းလဲခြင်းနှင့် ရုံးပိတ်ရက်များ၊ နံပါတ်လေးအနေဖြင့် အကြမ်းဖက်သင်တန်းများ၊ ထောက်ပံ့မှု များတွင် EAO အဖွဲ့ အချို့၏ ပါဝင်  ပတ်သက်မှုနှင့် နံပါတ်ငါးအနေဖြင့် NUG ၊ CRPHI PDF အကြမ်းဖက်အဖွဲ့များ၏ ကြေညာချက်များ၊ ၎င်းကြေညာချက်များကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက် များ၊ ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်း ဖက်လုပ်ရပ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ သူများ၊ ပတ်သက်ခဲ့သူများ၏ ထွက်ဆို ချက် ဗီဒီယိုဖိုင်များကို ပြသခြင်း၊ ၎င်းအပိုင်းတွင် Onlineက ပျံ့နှံ့နေသည့်၊ လုပ်ကြံဖန်တီးထားသည့် လှုံ့ဆော်မှုများ၊ သတင်းမှား၊ မျှော်လင့်ချက် အမှားများ သည် လက်တွေ့အခြေအနေနှင့် မည်မျှ ကွာခြားသည်ဆိုသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ပထမအချက်အနေဖြင့် အခြေခံပညာ ကျောင်းများအား နိုင်ငံတစ်ဝန်းတွင် ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကျောင်းများဖွင့်လှစ်နိုင်မှုအနေ ဖြင့် အခြေခံပညာကျောင်းပေါင်း မူလ တန်း ၂၅၇၀၅ ကျောင်း၊ အလယ်တန်း ( ၁၅၈၇၇ ကျောင်း၊ အထက်တန်း ၆၁၇၈ကျောင်း၊ စုစုပေါင်း ၄၇၇၆၀ ကျောင်း ရှိပါကြောင်း၊ ဇွန်လ ၁၀ ရက်နေ့အထိ ကျောင်းပေါင်း ၂၀၀၀ ကျောင်း၊ ၈၈ ရာခိုင်နှုန်းဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများ ကျောင်း တက်ရောက်မှုနှင့် ကျောင်းအပ်နှံမှုအနေဖြင့် ၄၁၂၁၈၃၂ ဦး ကျောင်းအပ်နှံပြီး ( ၁၀ ရက်နေ့အထိ ကျောင်းတက်ရောက်မှု အနေဖြင့် ၃၂၁၆၉၆၀ ဦး ကျောင်းတက်လျက်ရှိပါကြောင်း။

ထူးခြားမှုအနေဖြင့် ရခိုင်ပြည်နယ် တွင် ကျောင်းဖွင့်လှစ်မှု ၉၆ ရာခိုင်နှုန်း၊ ကျောင်းသူ၊ ကျောင်းသားများ ကျောင်း တက်ရောက်မှု၈၂ရာခိုင်နှုန်းရှိပါကြောင်း၊ ပညာရေးကို အလေးထားကြသည့် ပါဝင် ပတ်သက်သူ အားလုံးကိုအထူးပင်ကျေးဇူး တင်ပါကြောင်း၊ ကျောင်းများဖွင့်လှစ်ရန် စတင်ပြင်ဆင်ချိန်ကစပြီး NLD ၊ NLD လိုလားသူများအနေနှင့် စာသင်ကျောင်း များကို မိုင်းပစ်ဖောက်ဖျက်ဆီးမှု ၁၀၉ ကြိမ်၊ မီးရှို့ ဖျက်ဆီးမှု ၆၅ ကြိမ်နှင့် နှောင့်ယှက်မှု ၁၆၈ကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ယခင် သတင်းစာ ရှင်းလင်းပွဲတွင်လည်း ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းပြောဆို ပြီးဖြစ်ပါကြောင်း၊ သား၊ သမီးများ၊ ကလေးငယ်များ၏ ပညာရေးသည် မိဘ များကိုယ်တိုင်၊ သားသမီးများကိုယ်တိုင်၏ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါကြောင်း၊ ၎င်းတို့ကို လိုက်လံ နှောင့်ယှက်နေခြင်းသည် လူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးကို ထိပါးနေသည့်၊ ဖိနှိပ်ချုပ်ချယ်နေသည့် အကြမ်းဖက်လုပ်ရပ် ဖြစ်ပါကြောင်း၊ အကြမ်းဖက်သမားများက ငယ်ရွယ်သေး သည့် ကျောင်းသားအရွယ် ကလေးငယ် များကိုပင်လျှင် ကျောင်းဝတ်စုံ ဝတ်ခိုင်း ပြီး ကျောင်းထဲဝင်ရောက် ဗုံးခွဲခိုင်းသည့် ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပါကြောင်း၊ ထီးချိုင့် ဖြစ်စဉ် ဖြစ်ပါကြောင်း။

NLD နှင့် NLD လိုလားသူ အစွန်းရောက် အကြမ်းဖက် အဖျက်သမားများ အနေဖြင့် ယခုလိုအောက်တန်းကျသည့် လုပ်ရပ်၊ အတွေးအခေါ်၊အကြံအစည်များ နှင့် အသုံးချ၍ရသူ မှန်သမျှအား အသုံးချ နေသည်ကို တွေ့ရပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက်ရာတွင် အောက်ခြေအဆင့် ထဲထဲဝင်ဝင် လုံခြုံရေးကို ကူညီဆောင် ရွက်ပေးနေကြသည့်၊ ဆောင်ရွက်ပေးနေ ကြဆဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးကို ကူညီဆောင်ရွက်ပေးနေကြသည့် အဖွဲ့အစည်းများ အားလုံးကို အထူးပင် လေးစားပါကြောင်းကိုလေးလေးနက်နက် ပြောလိုပါကြောင်း။

ထို့အတူ အမျိုးမျိုးသော ဖိအားပေးမှု များကြားမှ စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ၊ တာဝန်ထမ်းဆောင် နေကြသည့် ပညာရေးဝန်ထမ်းများကိုလည်း ဂုဏ်ယူပါကြောင်း၊ အမြင်များ၊ ခံယူချက်များ အမျိုးမျိုးကွဲပြားနေသော် လည်း သား၊ သမီးများ၏ ပညာရေးကို နိုင်ငံရေးနှင့် ခွဲခြားမြင်ပြီး အားပေးဆောင် ရွက်နေသည့် မိဘများကိုလည်း ဂုဏ်ပြုပါကြောင်း၊ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်သေဆုံး၊ ဒဏ်ရာရခဲ့သည့် လုံခြုံရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ပြည်သူလူထုများအတွက် များစွာဝမ်းနည်းရပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပိုမိုကောင်းမွန်သည့် လုံခြုံရေးစနစ်၊ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ ဆောင် ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်သူများ၊ မိသားစုဝင်များအားလုံးကို တောင်းပန် စကားဆိုပါရစေဟု ပြောကြားသည်။

ဒုတိယအချက်အနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် Phoenix Media Interview မှ အရေးကြီး ကောက်နုတ်ချက်များကို ပြောမည်ဖြစ် ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် Pnonex Media တို့ ၂၀၂၁ ခုနှစ် မေလ ၂၀ ရက် ရက်နေ့တွင် Interview ပြုလုပ်ခဲ့ပြီး ဘင်္ဂါလီကိစ္စနှင့် ပတ်သက် သည့် မေးခွန်းတစ်ခုကို ဖြေကြားခဲ့ပါကြောင်း၊ ၎င်းတွင် “ ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းနှင့်ပတ်သက်ပြီး “ရိုဟင်ဂျာ ဆိုတာမရှိဘူး၊ စိတ်ကူးယဉ်ပြီးပြောတဲ့ နာမည်တစ်ခုပဲ၊ ၁၉၁၁၊ ၁၉၂၁၊ ၁၉၃၁ ခုနှစ်က အင်္ဂလိပ်တွေ ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းမှာတောင် ဘင်္ဂါလီဆိုတဲ့ စကား၊ စစ်တကောင်းဆိုတဲ့ စကားတွေပဲ တွေ့ရတယ်ဆိုတဲ့အကြောင်းနဲ့ မြန်မာ နိုင်ငံမှာ အိမ်နီးချင်း ၅ နိုင်ငံရှိကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ ဒါတွေအားလုံးအတွက် မျှော်မှန်းပြီး ရေးဆွဲခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား ဥပဒေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသည့် ဘင်္ဂါလီများနှင့် ပတ်သက်ပြီး အကျုံးဝင်တဲ့သူတွေကို သူ့စည်းကမ်းနဲ့အညီ ပြန်လက်ခံဖို့ လုပ်ထားကြောင်း၊ မြန်မာနိုင်ငံမှာ သတ်မှတ်စည်းကမ်းချက်နဲ့အတူနေခဲ့ပြီး ကိုက်ညီရင် လက်မခံနိုင်စရာမရှိကြောင်း” ပြောကြားခဲ့ပါကြောင်း။

မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိပါကြောင်း၊ ၎င်းထဲတွင် “ရိုဟင်ဂျာ” ဆိုသည့် အမည်နာမ မပါဝင် သည်ကို အားလုံးအသိဖြစ်ကြောင်း၊ ယခင် ကလည်း မပါရှိခဲ့ကြောင်း၊ “ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်ပြီး လှုံ့ဆော်နေသည့်၊ ယခင်အင်္ဂလိပ် လက်ထက်တွင်သူတို့ ကိုယ်တိုင်ကောက်ခဲ့သည့် သန်းခေါင်စာရင်းတွင် မပါရှိ ကြောင်း၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်က ကောက်ခံချိန်တွင် မပါရှိကြောင်း၊ အထောက်အထားများကို ပါဝါပွိုင့်တွင် ပြသထားကြောင်း၊ သန်းခေါင်စာရင်း မူရင်းစာအုပ်များလည်း ထားရှိပါကြောင်း၊ အဆိုပါစာအုပ်များတွင် ကြည့်နိုင်ပါကြောင်း။ ။

ယခုအချိန်တွင် ၎င်းအမည်ကို ထပ်မံ ဖော်ထုတ်လာခြင်းနှင့် ပြောကြားလာခြင်း သည် အလွန်အန္တရာယ်ကြီးမားသည့် အလုပ်ဖြစ်သဖြင့် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ အားလုံးသတိထားကြရန် ပြောလိုပါကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ သည် အဆိုပါ လူမျိုးတစ်မျိုးတည်းကို ရည်ညွှန်းပြဋ္ဌာန်းထားခြင်း မဟုတ်ကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောနေကြသည်များ ရှိပါကြောင်း၊ ဥပဒေပေါ်ပေါက်လာပုံ သမိုင်း၊ ရည်ရွယ်ချက်များကို ပြည်သူ လူထုနှင့် မီဒီယာများသိရှိရန် အနည်းငယ် ပြောပြလိုပါကြောင်း။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန် တွင် ၁၉၄၈ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံသားဖြစ်မှု အက်ဥပဒေနှင့် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး အက်ဥပဒေဟူ၍ ဥပဒေ ၂ ရပ် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေသည် ဗြိတိသျှလက်ခံအောက် ဘဝမှ လွတ်လပ်သည့် နိုင်ငံဘ၀ ကူးပြောင်းသော စပ်ကူးမပ်ကူးကာလ တွင် မြန်မာနိုင်ငံအတွင်း ရောက်ရှိနေထိုင် ကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ခံယူခွင့် ရရှိနိုင် ရန်ရည်ရွယ်ပြီး ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ပါကြောင်း။

ဥပဒေအရရွေးချယ်ပိုင်ခွင့် သက်တမ်းကာလသည် ၁၉၅၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် သာမန်အားဖြင့် ကုန်ဆုံးပြီဖြစ်၍ ယင်းဥပဒေ၏ အာနိသင်သည် အလိုအလျောက်ပျက်ပြယ်ပြီး ဖြစ်ပါကြောင်း၊ ၎င်းဥပဒေ ၂ ရပ်ကို ရေးဆွဲချိန်က မြန်မာနိုင်ငံတွင် တိုင်ရင်းသားများ သာမက တိုင်းတစ်ပါးမှ စီးပွားရှာရန် ရောက်ရှိနေကြသည့် တိုင်းတစ်ပါးသားများ၊ ၎င်းတိုင်းတစ်ပါးသားများနှင့် အိမ်ထောင်ကျပြီး ပေါက်ဖွားလာသည့် သွေးနှောများ၊ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သည့် တိုင်းတစ်ပါးသား မိဘနှစ်ပါးမှ မြန်မာနိုင်ငံအတွင်း မွေးဖွားသူများ အစရှိသဖြင့် အများအပြားရှိနေကြပြီး ဖြစ်ကြောင်း။

တိုင်းရင်းသားများမှအပ အခြား မည်သူများကို နိုင်ငံသားအဖြစ်လက်ခံမည် ဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာအတွင်း ကျရောက်သည့် လုပ်ပိုင်ခွင့်ဖြစ်ပါကြောင်း၊ အပြည့်အဝဖန်တီးခွင့် ရရှိရန် ကြိုးပမ်းနေချိန်တွင် နိုင်ငံသား ဖြစ်မှုဥပဒေကို ရေးဆွဲခဲ့ရသည့်အတွက် နိုင်ငံတော်နှင့် ပြည်သူတို့၏ ရေရှည် အကျိုးစီးပွားကို အဓိကထား ရေးဆွဲလိုသော်လည်း ၎င်းအချိန်အခါတွင် တည်ရှိနေသည့် အခြေအနေများ၊ပြဿနာ များကို ခြုံငုံမိရန်အတွက် ကျော်လွှား လွန်ဆန်နိုင်ခြင်းမရှိဘဲ နိုင်ငံသားဖြစ်မှု အက်ဥပဒေကို ရေးဆွဲခဲ့ရပါကြောင်း။

ထို့ကြောင့် အဆိုပါဥပဒေများတွင် ဟာကွက်၊ ပျော့ကွက်များပါရှိခဲ့ပါကြောင်း၊ လွတ်လပ်ရေး ရရှိပြီးနောက် မိမိတို့၏ ကြမ္မာကို မိမိတို့ဖန်တီးနိုင်ခွင့် ပြည့်ပြည့်၀၀ ရရှိခဲ့သည့် အချိန်တွင် ယခင် ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး အက်ဥပဒေသည် ရွေးချယ်ပိုင်ခွင့် သက်တမ်းကာလကုန်ဆုံး ပြီဖြစ်၍ ၎င်းဥပဒေ၏ အာနိသင်သည် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်ခြင်း၊ ၁၉၄၈ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေသည်လည်း ဟာကွက်၊ အားနည်းချက်များ ရှိနေခြင်းကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏အမျိုးသား အကျိုးစီးပွားကို အကာအကွယ်ပေးရန်၊ မိမိတို့ တိုင်းရင်းသားများ၏ ရပိုင်ခွင့်တွေကို အပြည့်အဝ သတ်မှတ်ပေးရန် အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ရခြင်း ဖြစ် ပါကြောင်း။

ဥပဒေရေးဆွဲနိုင်ဖို့အတွက် ၁၉၇၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်ကောင်စီက ဥပဒေကော်မရှင် တစ်ရပ် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ဥပဒေရေးဆွဲခြင်းကို အောက်ခြေအဆင့် ထိ လူထုလူတန်းစား အဖွဲ့ အစည်းများ၊ နယ်စပ်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၊ မြို့ကြီးပြကြီး များတွင် နေထိုင်ကြသည့် ပြည်သူများနှင့် နိုင်ငံတစ်ဝန်းတွင်ရှိသည့် ပြည်သူလူထု များ၏ ဆန္ဒသဘောထားများ၊ ပါတီ၊ ကောင်စီအကြံပြုချက်များကို ကျယ်ကျယ်ပြန့်ပြန့် တောင်းခံရယူပြီး ရေးဆွဲခဲ့ပါကြောင်း။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ပြည်သူတစ်ရပ်လုံးက ပါဝင်ရေးဆွဲခဲ့သည့် ဥပဒေဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေကို ၆ နှစ်ခန့် အချိန်ယူ ရေးဆွဲပြီးနောက် ၁၉၈၂ ခုနှစ်၊ အောက်တို ဘာလ ၁၅ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်ဥပဒေ အမှတ် (၄) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၎င်း ခေတ်အခါက နိုင်ငံတော်တွင် လိုအပ်၍ ပြဋ္ဌာန်းထားခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် အကျိုးသက်ရောက်မှုရှိပြီး တစ်နိုင်ငံလုံး ပျံ့နှံ့ပါကြောင်း။

မိမိတို့နိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ နယ်မြေဧရိယာ ထိစပ်နေသည့် နိုင်ငံများ၊ ဒေသများ ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက် လာသည့်သူများ ရှိပါကြောင်း၊ စူးအက် တူးမြောင်းဖောက်လုပ်ပြီး ကမ္ဘာ့ဆန်စပါး ဈေးကွက် ပွင့်လင်းလာပြီးနောက် အင်္ဂလိပ်တို့က လယ်စိုက်ရန်ဟူ၍ ရခိုင် ပြည်နယ်ထဲကို ခေါ်သွင်းလာခဲ့သည့် ဘင်္ဂါလီများရှိသလို ၁၉၄၅-၁၉၅၀ ခုနှစ် တွင် မြန်မာနိုင်ငံ၏အရှေ့မြောက်ဘက်ကို ဝင်ရောက်လာသည့် ကူမင်တန်တပ်နှင့် မိသားစုများ ရှိခဲ့ပါကြောင်း။ ။

ခေတ်အလိုက် အခြားဝင်/ထွက် နေသူများလည်း ရှိခဲ့ပါကြောင်း၊ ၎င်းတို့ကို စိစစ်နိုင်ရန် ပြဋ္ဌာန်းထားသည့်၊ လိုအပ် ချက်အရ ပေါ်ထွက်လာသည့် ဥပဒေဖြစ်ပါကြောင်း၊ နိုင်ငံတိုင်းတွင်ရှိသည့် လူဝင်မှု ကြီးကြပ်ရေးဥပဒေသည် ၎င်းနိုင်ငံ၏ လိုအပ်ချက်၊ နိုင်ငံ၏အကျိုးစီးပွားကိုသာ အမိကမူတည်ပြီး ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ရှင်းလင်းစွာ ပြောလိုသည်မှာ မည်သည့်လူမျိုးကိုမှ နိုင်ငံသားဖြစ်ခွင့် ကန့်သတ်မထားပါကြောင်း၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့်ညီလျှင် နိုင်ငံသား ဖြစ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားဖြစ်ခွင့် လည်း ပေးထားပါကြောင်း၊ ဖြစ်လည်း ဖြစ်နေကြပါကြောင်း။

၂၀၂၁ ခုနှစ် ဧပြီလအထိ နိုင်ငံသား စိစစ်ရေးကတ်ကိုင်ဆောင်သူ ဘင်္ဂါလီ ဦးရေ ၁ သိန်းကျော် အပါအဝင် ဧည့်နိုင်ငံသား စိစစ်ရေးကတ်၊ အမျိုးသား မှတ်ပုံတင်ကတ်၊ နိုင်ငံသားစိစစ်ခံရမည့် သူကတ် (NVC) စသဖြင့် ကိုင်ဆောင်ထား သူ ၂ သိန်း ၅ သောင်းကျော်ရှိပါကြောင်း နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေအကြောင်း အရာတစ်ရပ်ကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ ၁၉၃၀ ပြည့်နှစ် ဟိတ်ဥပဒေ လက်စွဲပြုရေးတွင် ချုပ်ဆိုခဲ့သည့် နိုင်ငံသားဖြစ်မှု ဥပဒေအချင်းချင်း ပဋိပက္ခ ဖြစ်မှုဆိုင်ရာစာချုပ်တစ်၊ နှစ်တွင် ပြဋ္ဌာန်း ချက်အရ နိုင်ငံတိုင်းသည် မိမိတို့၏ ဥပဒေအရ မည်သူသည် မိမိနိုင်ငံသားအဖြစ် အဆုံးအဖြတ်ပေးရမည်ဟု ပြဋ္ဌာန်းထားကြောင်း။

နံပါတ်နှစ်အနေဖြင့် လူတစ်ယောက် သည် မည်သည့်နိုင်ငံသားဖြစ်ကြောင်းကို -မိမိတောင်းခံသော ဥပဒေအရသာ ဆုံးဖြတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ မိမိပြောလိုသည်မှာ နံပါတ်တစ် မြန်မာ နိုင်ငံအတွင်းနေထိုင်သူ မည်သည့်လူမျိုးကိုမှ နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်မထားပါကြောင်း၊ စည်းကမ်းဥပဒေနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း၊ နံပါတ်နှစ် အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အခြားကမ္ဘာ့နိုင်ငံများ နည်းတူ တည်ဆဲလူဝင်မှုကြီးကြပ်ရေး ဥပဒေများကို ကျော်လွန်ပြီး ဆောင်ရွက် မည် မဟုတ်ကြောင်းကို ပြောလိုပါကြောင်း။

တစ်ဆက်တည်း ပြောလိုသည်မှာ မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော NUG ဆိုသည့် အဖွဲ့ သည် မိမိတို့နိုင်ငံထဲတွင် မိုင်းထောင်၊ ဗုံးခွဲ၊ မီးရှို့၊ အဖျက်အမှောင့်လုပ်ဆိုသည့် အဖျက်လုပ်ငန်းများကို လုပ်ဆောင်လာရုံ သာမက နိုင်ငံတော်၏ အနာဂတ်၊ ပြည်ထောင်စု၏ အနာဂတ်၊ တိုင်းရင်း သားလူမျိုး ၁၃၅ မျိုး၏ အနာဂတ်ကိုပါ ချိန်ကိုက်ဗုံးတပ်ဆင်လာနေပြီဆိုသည်ကို သိစေလိုပါကြောင်း ပြောကြားသည်။

တတိယအချက်အနေဖြင့် ဘဏ္ဍာရေး နှစ် ပြောင်းလဲခြင်းနှင့် ရုံးပိတ်ရက်များ အကြောင်းဖြစ်ကြောင်း၊ လက်ရှိကျင့်သုံး နေသည့် ဘဏ္ဍာရေးနှစ်သည် အောက်တို ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိဖြစ်ပြီး ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်မှ စတင်ပြောင်းလဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုပြန်လည်ပြင်ဆင် သတ်မှတ်ရန် လျာထားနေသည့် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဘဏ္ဍာရေးနှစ်က ၁၉၇၄ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း ၄၃ နှစ်ကြာခဲ့ပြီဖြစ်ပါကြောင်း၊ ယခုပြင်ဆင်မည့် ဘဏ္ဍာရေးနှစ်ဖြစ်သည့် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ အထိကျင့်သုံးမည်ဆိုလျှင် ယခုပြောပြမည့် အားသာချက်များရှိမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုး ရေးကို အဓိကထားဆောင်ရွက်နေသော နိုင်ငံဖြစ်သည့်အတွက် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများ စတင်ဆောင် ရွက်နိုင်မည့် ကာလအမီ ဘတ်ဂျက်ခွဲဝေ ချထားပေးပြီး တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ် ထုတ်ချေးပေးနိုင်မည်ဖြစ်ပါကြောင်း၊ တောင်သူ လယ်သမားများ အတွက် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မေလမှ စက်တင်ဘာလ အထိ ထုတ်ချေးကာ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုပြီးနောက် စိုက်ပျိုးသီးနှံ များကို ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းပြီး မတ်လ မကုန်မီ ပြန်လည် ပေးဆပ်ခြင်းဖြင့်တောင်သူလယ်သမား များထံမှ ချေးငွေကို နှစ်ချင်းပြန်လည် ကောက်ခံနိုင်မည်ဖြစ်၍ နိုင်ငံတော်အတွက် ကြွေးမြီဝန်ထုပ်ဝန်ပိုး မရှိနိုင် ပါကြောင်း။

အခွန်ကောက်ခံမှု အပိုင်းတွင် အခွန်ထမ်းအများစုက ဘဏ္ဍာရေးနှစ်၏ နောက်ဆုံး သုံးလပတ်မှသာ အခွန် ပေးဆောင်လေ့ရှိသည့်အတွက် လက်ရှိ ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံ၏ငွေကြေး စီးဆင်းမှု အခက်အခဲဖြစ်တတ်သည့် မိုးရာသီတွင် နောက်ဆုံးကာလကျရောက်နေမည့်အစား ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လများတွင် ကျရောက်မည်ဖြစ်ခြင်းကြောင့် အခက်အခဲကိုလျော့နည်းစေမည် ဖြစ်ပါကြောင်း၊ ပညာရေးနှစ်သတ်မှတ်မှုအရ အခြေခံပညာကျောင်းများသည် ဇွန်လတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အတွက် ပညာရေး အသုံးစရိတ်များ (အားလုံး ဘတ်ဂျက်နှစ်အရ လျာထား ချမှတ်ပေးနိုင်မည်ဖြစ်ပါကြောင်း။

အစိုးရအဖွဲ့သက်တမ်း၊ လွှတ်တော် သက်တမ်းများနှင့် ကိုက်ညီမှုရှိပါကြောင်း၊ ဧပြီလတွင် တင်ဒါခေါ်ယူသည့် ကိစ္စရပ်များ ပြီးစီးအောင် ဆောင်ရွက်နိုင်လျှင် တည်ဆောက်ရေး လုပ်ငန်းများအတွက် မိုးရာသီ၌ ကြိုတင်ပြင်ဆင်ပြီး ပွင့်လင်း ရာသီ ၇ လခန့်တွင် တည်ဆောက်ရေး လုပ်ငန်းများကို တစ်ဟုန်ထိုးဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ချိန်ထိုးကြည့်မည် ဆိုလျှင် ကမ္ဘာပေါ်တွင် ရှိသည့် နိုင်ငံများအနက် ဒုတိယအများဆုံး ကျင့်သုံးသည့် ဘဏ္ဍာရေးနှစ်လည်း ဖြစ်ပါကြောင်း။

ဘဏ္ဍာရေးနှစ်ကို ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အဖြစ် ပြောင်းလဲ ပြင်ဆင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သောနိုင်ငံဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်မည့်ကာလအမီ ဘတ်ဂျက် ခွဲဝေချပေးထားပြီး တောင်သူလယ်သမားများ အမှန်တကယ်လိုအပ်သည့်အချိန်တွင် စိုက်ပျိုးစရိတ် ထုတ်ချေးပေးနိုင်ခြင်း၊ မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်ကို မြန်မာသက္ကရာဇ်နှင့်အညီဖြစ်စေခြင်း၊ ပညာ ရေးနှစ်သတ်မှတ်ချက်အရ အခြေခံပညာကျောင်းများအပါအဝင် ပညာရေးအသုံး စရိတ်များအားလုံးဘဏ္ဍာရေးနှစ်အလိုက် လျာထား ချမှတ်ပေးနိုင်ခြင်း၊ နိုင်ငံတော် ဘတ်ဂျက်နှင့် ဆောင်ရွက်မည့်လုပ်ငန်း များဖြစ်သည့် တည်ဆောက်ရေးလုပ်ငန်း များအတွက်လိုအပ်သည့်လုပ်ငန်းများကို မိုးရာသီအတွင်း ကြိုတင်ပြင်ဆင်ပြီး ဆောင်ရွက်နိုင်ခြင်း၊ အစိုးရအဖွဲ့ သက်တမ်း၊ လွှတ်တော်သက်တမ်းကာလ တို့နှင့် ကိုက်ညီမှု ရှိသည်များကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ရုံးပိတ်ရက်များနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်လျက်ရှိပါ ကြောင်း၊ အစားထိုးရုံးပိတ်ရက်များကို လျှော့ဖို့လျာထားပါကြောင်း၊ သို့သော် မြန်မာ့ရိုးရာသင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလ၊ တန်ဆောင်တိုင်ကာလ ရုံးပိတ်ရက်များကို လျှော့မည်မဟုတ်ပါကြောင်း ပြောကြားသည်။

စတုတ္ထအချက်အနေဖြင့် အကြမ်းဖက်သင်တန်းများ၊ ထောက်ပံ့မှုများတွင် EAO အဖွဲ့အချို့၏ ပါဝင်ပတ်သက်နေမှုများကို ပြောကြားမည် ဖြစ်ပါကြောင်း၊ KIA အဖွဲ့ထံတွင် စစ်အခြေခံနှင့် ဖောက်ခွဲ ရေးသင်တန်းတက်ခဲ့သည့် ထူးဝေလင်းနှင့် မင်းသုခကျော် တို့ကို ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ထောက်ကြန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၎င်းတို့၏ ထွက်ဆိုချက် အရ ဧပြီလ ၃ ရက်နေ့တွင် ၎င်းတို့အပါ အဝင် ၂၂ ဦးသည် KIA တပ်မဟာ (၃) မှ သင်တန်းဖွင့်လှစ်မည့် စခန်းကို ရောက်ရှိခဲ့ကြောင်းနှင့် သင်တန်းကို ဧပြီလ ၂၈ရက်နေ့အထိ တက်ရောက်ခဲ့ပြီး စုစုပေါင်း ၁၄၅ ဦးတက်ရောက်ခဲ့သည်ကို ဖော်ထုတ်ရရှိပါကြောင်း၊ သင်တန်းဆင်း ပွဲတွင် အကြမ်းဖက်အဖွဲ့ CRPH နှင့် NLD မှ ဦးကျော်စိုးလင်း၊ ဒေါက်တာမျိုးဝင်းတို့ တက်ရောက်ခဲ့ကြောင်း၊ ထူးဝေလင်း အနေဖြင့် မေလ ၁၃ ရက် နေ့တွင် သုဝဏ္ဏ ဈေးအနီး၊ မေလ ၂၅ ရက်နေ့တွင် စမ်းချောင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဇွန်လ ၁ ရက်နေ့တွင် အထက (၄) အလုံ အနီး မိုင်းခွဲမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိ ရပါကြောင်း။

အလားတူ KNU အဖွဲ့ ထံမှ ဖောက်ခွဲ ရေး သင်တန်းတက်ရောက်ပြီး ပြန်လာသည့် လူချော၊ ကျော်နိုင်ဦးနှင့် ဇွဲပြည့် မောင်တို့ ၃ ဦးကို ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့က ရန်ကင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၎င်းတို့၏ထွက်ဆိုချက်များအရ ကျုံပျော်မြို့မှ NLD ပါတီဝင် ဇော်မျိုးအောင်က ကျောက်ကြီး၊ မုန်း၊ ဇရပ်ကြီး ဒေသရှိ KNU မှ ဖွင့်လှစ်သည့်သင်တန်းကို ၎င်းတို့အားပို့ဆောင်ခဲ့ကြောင်း၊ သင်တန်း ကိုရောက်ရှိရန် NLDအားပေးထောက်ခံသူ ရှေ့နေ ဦးယုယချစ် က ကူညီခဲ့ကြောင်း၊ မေလ ၂၆ ရက်နေ့တွင် ရန်ကုန်သို့ရောက်ပြီး စမ်းချောင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းအနီးနှင့် ရန်ကုန်အင်းစိန်လမ်းမကြီး ဘူတာရုံလမ်း မှတ်တိုင်အနီး မိုင်းထောင်၊ မိုင်းခွဲမှုများ ပြုလုပ်ခဲ့သည်ကို သိရှိရပါကြောင်း။

KNPP အဖွဲ့ ထံတွင် ဧပြီလ ၁၆ ရက် နေ့မှ ၃၀ ရက်နေ့အထိ လက်နက်ငယ် နှင့် မိုင်းသင်တန်းတက်ပြီး ပြန်လာသည့် ၇၄ ဦးကို ဧပြီလ ၃၀ ရက်နေ့က ဖရူဆို မြို့ရှောင်လမ်း၌ ဖမ်းဆီးရမိသည့်ဖြစ်စဉ် များဖြစ်ခဲ့ပါကြောင်း၊ ဇွန်လ ၆ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကံကောင်း ကျေးရွာအနီး ရွှေအုန်းပင် စားသောက်ဆိုင်၌ မိုင်း ၂၀၀ လုံးခန့် အပါအဝင် ဖောက်ခွဲဖျက်ဆီးရေးသုံး ဆက်စပ်ပစ္စည်း အမြောက်အမြား သိမ်းဆည်းရမိသည့် ဖြစ်စဉ်ဖြစ်ခဲ့ပါကြောင်း၊ ယင်းဖြစ်စဉ်များသည် ဖော်ထုတ်ပြီးဖြစ်စဉ်များထဲက နမူနာမျှ သာဖြစ်ပါကြောင်း။

EAO အဖွဲ့ အချို့ အနေဖြင့် ၎င်းတို့ သင်ကြားပေးလိုက်သည့် မိုင်းထောင် မိုင်းခွဲ သင်ခန်းစာများကိုသုံးပြီး စာသင်ကျောင်းများ၊ အများပြည်သူပိုင် အဆောက်အဦများကို ဖောက်ခွဲဖျက်ဆီးနေကြသည်ကို သိရှိရန်လိုပါကြောင်း၊ EAO အဖွဲ့အားလုံးမဟုတ်ဘဲ အဖွဲ့အချို့ ထဲကမှ တပ်မဟာ သို့မဟုတ် တပ်ရင်း အဆင့်အချို့သည် ယင်းအကြမ်းဖက် အားပေးသည့် လုပ်ရပ်များလုပ်နေသည်ကို အသိပေး လိုပါကြောင်း၊ NUG ၊ CRPHI PDF အကြမ်းဖက်အဖွဲ့များ၏ ကြေညာချက်များ၊ ယင်းကြေညာချက်များ၊ NLD ပါတီဝင်များနှင့် အားပေး ထောက်ခံသူ အစွန်းရောက်များ၏ လှုံ့ဆော်မှု၊ ကိုယ်တိုင်ပါဝင်မှုကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့။ ပတ်သက်ခဲ့သူများ၏ ထွက်ဆိုချက် ဗီဒီယို ဖိုင်များကို ပြသပါမည့် အကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားရာတွင် ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့ပြီး လက်နက် ခဲယမ်းဝယ်ယူရေးကိစ္စများ ဆောင်ရွက်နေ သည့် ငြိမ်းချမ်းနှင့် ရွှန်းစိမ့်စိမ့်တို့ကို မရမ်းကုန်းမြို့နယ်၌ မေလ ၁၃ ရက်နေ့က ဖမ်းမိခဲ့ပါကြောင်း၊ ၎င်းတို့၏ ထွက်ဆို ချက်အရ စေခိုင်းသူများသည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ရည်မွန်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း သိန်းနိုင်တို့ဖြစ်ကြောင်းကို ဖော်ထုတ်ရရှိပါကြောင်း၊ ဇယားအပြည့်အစုံကို သင်ပုန်းတွင် ပြသထားပါကြောင်း။ ။

၂၀၂၁ ခုနှစ် မေလ ၂ ရက်နေ့တွင် ရန်ငြိမ်းပိုင်နှင့် ဇင်ညီညီနိုင်တို့ကို ဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ပျဉ်းမနားမြို့ ရွာကောက်၌ ဖမ်းမိခဲ့ပါကြောင်း၊ ပျဉ်းမနားမြို့ ကျောက် စက်တော်ရာစေတီအနီး တောတွင်း၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သူများ ဖြစ်ပါကြောင်း၊ သင်တန်းကို ဦးဆောင်သူ၊ ကူညီသူများသည် ပျဉ်းမနား NLD လူငယ် အတွင်းရေးမှူးဟောင်း ဖြိုးကိုနှင့် NLD လူငယ်တာဝန်ခံဟောင်း မျိုးကိုဇင်မြင့်တို့ ဖြစ်ပါကြောင်း၊ နေပြည်တော်နယ်မြေ လယ်ဝေးမြို့နယ် အေလာကျေးရွာအုပ်စု စက်ပိုင်းရပ်၌ ပြည့်ဖြိုးကို လက်လုပ်မိုင်းများနှင့် ဖမ်းဆီး ရမိခဲ့ပါကြောင်း၊ လက်လုပ်မိုင်း ၄၃ လုံး ပြုလုပ်ခဲ့ပါကြောင်း၊ စေခိုင်းသူက လယ်ဝေးမြို့နယ် NLD စည်းရုံးရေးမှူး ဟောင်း သက်သက်မွန်ဖြစ်ပါကြောင်း။

လှည်းကူး ကလီထော်ဆည်ရှိခြံဝင်း အတွင်း လက်လုပ်ဗုံးများ ပြုလုပ်ပြီး ဖောက်ခွဲရေး သင်တန်းပေးသူများကို လက်ခံဆောင်ရွက်ခဲ့သည့် ခြံပိုင်ရှင် ဇော်ထိုက်နှင့် သင်တန်း တက်ရောက်ခဲ့သူ အောင်ကျော်ဦးတို့ကို မေလ ၁၈ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ယင်းသင်တန်းကို လှည်းကူး စာဗူးတောင်းရွာ NLD ရပ်/ကျေး နာယကဟောင်း ဦးဝင်းတင်မှ စေခိုင်းပြီး NLD ရပ်/ကျေး အတွင်းရေးမှူးဟောင်း နောင်နောင်နှင့် ပါတီဝင်အောင်မြင့်သိန်းတို့က ကူညီပေးခဲ့သည်ဟု သိရပါကြောင်း။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနယ်မြေကို သင်တန်းစေလွှတ်ခဲ့မှု နှင့် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရာ တွင် ပတ်သက်ဆက်စပ်သည့် ရွှေဘိုမြို့မှ ရွှေသီဟ ဆန်စက်ပိုင်ရှင် အောင်ခန့်ကို ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါကြောင်း၊ စစ်ဆေးချက်များအရ မေလ ၁၆ ရက်နေ့တွင် CRPH မှဇော်ဝေစိုး အပါအဝင် ၄၀ ဦးခန့်နှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုကို ရေဦးမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း မြင့်ထွေး၊ မြောင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း အေးမြမွန်၊ မင်းကင်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ခင်မွှေးလွင်၊ ဝက်လက်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာနိုင်အောင်တို့နှင့် အတူ တက်ရောက်ခဲ့ပြီး PDF ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု သိရပါကြောင်း။

လူငယ်များကို စစ်သင်တန်းစေလွှတ်ရန် စီစဉ်ခဲ့ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် အတွက် အဓိက စေခိုင်းသူများမှာ NLD မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ ဖြစ်ကြသည့် ခင်မွှေးလွင်၊ နေဇင်လတ်၊ အေဇင်လတ်၊ ကျော်သူဟန်ထွန်း၊ နိုင်အောင်၊ မြင့်ထွေးနှင့် အေးမြတ်မွန်တို့ ဖြစ်ကြောင်းကို စိစစ်ဖော်ထုတ် သိရှိရပါကြောင်း၊ ထိုအချက်များသည် မိမိတို့ ဖော်ထုတ် တွေ့ရှိချက်များ ထဲက အချို့သာဖြစ်ကြောင်း၊ NLD လွှတ်တော်အမတ်ဟောင်းများ၊ ပါတီဝင်အစွန်းရောက်များသည် ယနေ့နိုင်ငံ၏ နေရာအချို့တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများတွင် ထဲထဲဝင်ဝင် ပတ်သက်နေခြင်း ဖြစ်ကြောင်း၊ ယခုပြောသည့် သက်သေအထောက်အထား ဆက်စပ်မှုများကို သင်ပုန်းတွင် ဖော်ပြထားကြောင်းနှင့် အသေးစိတ် ကြည့်ရှုနိုင်သည်ကိုပြောကြားလိုကြောင်း ပြောကြားသည်။

ပဉ္စမအချက်အနေဖြင့် ယခု အကြမ်းဖက်ကိစ္စရပ်များ အပါအဝင် ပတ်သက်ခဲ့သည့်သူများ၊ လက်တွေ့ ဆောင်ရွက်ခဲ့သူများ၏ ထွက်ဆိုချက်များကို ပြသမည်ဖြစ်ကြောင်း၊ Online ပေါ်၌ပျံ့နှံ့နေသော လုပ်ကြံဖန်တီးထားသည့် လှုံ့ဆော်မှုများ၊ သတင်းမှား၊ မျှော်လင့်ချက် အမှားများသည် လက်တွေ့ အခြေအနေများနှင့် မည်မျှကွာခြားသည် ကို လက်တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပထမဆုံး NUG အဖွဲ့က အကြမ်းဖက် သမား ဇော်ဝေစိုး၏ ဗုံးထောင်ဖောက်ခွဲ၊ အဆိပ်ခတ်ရန် တိုက်တွန်းသော ဗီဒီယိုဖိုင် ကို ပြသခဲ့ကြောင်း၊ ထိုဗီဒီယိုဖိုင်ကို လုပ်ကြံဖန်တီးထားသည်ဟု ပြောကြကြောင်း။

ထိုကဲ့သို့ ပြောသည့်အထဲတွင် မီဒီယာ အချို့ လည်း ပါဝင်ကြောင်း၊ ထိုဗီဒီယို ဖိုင်၏ မူရင်းသည် ၁ နာရီနှင့် ၁၆ မိနစ် ကြာကြောင်း၊ ဇော်စိုးက အစည်းအဝေး တစ်ခု၌ ပြောခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ပြသသော ဗီဒီယိုဖိုင်သည် ၎င်း၏ ပြောစကားထဲမှ ၃၄ မိနစ်နှင့် ၁ နာရီ ၁၀ မိနစ်ကျော်က စကားများဖြစ်ကြောင်း၊ အချိန်ကို ငဲ့ညှာသည့်အနေဖြင့် လိုသလောက်သာ ပြသခြင်းဖြစ်ကြောင်း၊ ထိုစကားများသည် မည်သည့်အဓိပ္ပာယ် ဆိုသည်ကို အကြမ်းဖက်သမားကိုယ်တိုင် အသိဆုံးဖြစ်လိမ့်မည် ဖြစ်ကြောင်း။ ။

ဤသည်ကို အချို့ မီဒီယာများက လုပ်ကြံဖန်တီးထားသည်ဟု ပြောကြကြောင်း၊ မီဒီယာများကို ပြောသည်မှာ အချို့ ကျင့်ဝတ်သိက္ခာမရှိသည့် မီဒီယာများသည် မီဒီယာ၏ အဓိကတာဝန် ဖြစ်သော ပြည်သူကို ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည့် လုပ်ငန်းများအစား “ဇ” သုံးလုံးလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက် နေကြသည်ကို တွေ့ရကြောင်း၊ ၎င်းတို့ လိုသော လူ၊ ၎င်းတို့လိုသော လုပ်ငန်း များ၏ အမှန်တရားကို ဖုံးကွယ်ပြီး “ဖာ” ပေးကြောင်း၊ ၎င်းတို့ မလိုသောလူ၊ မလို သည့်အဖွဲ့များ၏ အမှန်များကို အမှား ဖြစ်အောင် “ဖောက်” ပစ်ကြောင်း၊ ၎င်းတို့ကို ထောက်ပံ့နေသော အဖွဲ့အစည်း၊ ၎င်းတို့ မျှော်လင့်နေသောအရာကို ပေးနိုင်သည်ဟု ယူဆသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံများကို “ဖား” ကြောင်း။

ထို “ဖာ၊ ဖောက်၊ ဖား” နေသည့် မီဒီယာများ၏ ပြောစကားများကို သတိထားကြရန် ပြောကြားလိုကြောင်း၊ နောက်ပြသမည့် ဗီဒီယိုဖိုင်များသည် တမူးမှ မန္တလေးကို လက်နက်လာသယ် သော PDF အဖွဲ့ဝင် ၃ ဦး၏ ထွက်ဆိုချက်ဖြစ်ကြောင်း၊ ဗီဒီယိုဖိုင်တွင် NLD ပါတီဝင်များက အကြမ်းဖက်လုပ်ရပ်များ၌ မည်မျှပါဝင်ပတ်သက်နေသည်။ အချို့ မီဒီယာအမည်ခံ သတင်းဌာနမှ သတင်းထောက်များ မည်သို့ပါဝင် ပတ်သက်နေ သည်။ လူငယ်များကို ဘာတွေလိမ်လည်ခဲ့ သည်တို့ကို တွေ့ရလိမ့်မည်ဖြစ်ကြောင်း ပြောကြားပြီး video file များပြသခဲ့သည်။

နောက်ပြသမည့် ဗီဒီယိုဖိုင်မှာ ပုသိမ် မြို့၌ ထိန်းသိမ်းရမိခဲ့သော မိုင်းနှင့် ဗုံးများ ပြုလုပ်သောသူ၊ ဖောက်ခွဲသူများ၏ ပြောဆိုချက်များဖြစ်ကြောင်း၊ ထိုဗီဒီယို ဖိုင်ကိုကြည့်လျှင် တပ်မတော်က ဖမ်းဆီး ရမိသောသူများကို ညှဉ်းပန်းနှိပ်စက်သည် ဆိုသော စွပ်စွဲချက် ဟုတ်၊ မဟုတ်ကို တွေ့ရလိမ့်မည် ဖြစ်ကြောင်း၊ ဒဏ်ရာ ရသော လူကိုတောင် လိုအပ်သည့် ပြုစုစောင့်ရှောက်ကုသမှုများ လုပ်ပေးထား သည်ကို တွေ့နိုင်ကြောင်းပြောကြားပြီး video file များပြသခဲ့သည်။

နောက်ပြသမည့်ဗီဒီယိုဖိုင်မှာ MMA လက်ဝှေ့သမား ဖိုးသော် ခေါ်သော်ထူးနိုင် ၏ ပြောဆိုချက် ဖြစ်ကြောင်း ပြောကြားပြီး video file များ ပြသခဲ့သည်။ ဖိုးသော်ကို တပ်က ဖမ်းသွားပြီး နှိပ်စက်ထား သယောင်ရေးနေ၊ ပြောနေ၊လုပ်ကြံဖန်တီး ထုတ်လွှင့်နေသော အချို့ မီဒီယာများ၏ ရည်ရွယ်ချက်မှာ ဘာလဲဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်ကြောင်း၊ ထိုသို့ “ဖာ၊ ဖောက်၊ ဖား” ဖ သုံးလုံးမီဒီယာများ သည် ပြည်သူလူထုအတွက် အဆိပ် အတောက်များ ဖြစ်သည်ဟုပြောလိုကြောင်း၊ နောက်ပြမည့် ဗီဒီယိုဖိုင်မှာ ရန်ကုန်မြို့တွင်း၌ လက်လုပ်မိုင်းများ ဖြန့်ချိ၊ သယ်ပို့ပေးရာတွင် အဓိကဆောင် ရွက်ခဲ့သော အောင်ဟိန်း၏ ပြောဆိုချက် ဖြစ်ကြောင်း ပြောကြားပြီး video file ပြသခဲ့သည်။

ထိုပြောဆိုချက်များသည် ထိန်းသိမ်း ရရှိသူများထဲက အချို့ပြောဆိုချက်များ ' သာဖြစ်ကြောင်း၊ Online ပေါ်နှင့် အချို့ “ဖာ၊ ဖောက်၊ ဖား” ဖသုံးလုံးမီဒီယာများ၏ ပြောဆိုချက်၊ လှုံ့ဆော်ချက်၊ ဝါဒမှိုင်းတိုက် မှုများသည် မည်မျှလက်တွေ့အခြေအနေ များနှင့် ကွာဟနေသည်ကို မျက်ဝါး ထင်ထင်တွေ့နိုင်ကြောင်း၊ မိမိတို့ နိုင်ငံသူ၊ နိုင်ငံသား ပြည်သူလူထုများသည် စဉ်းစား နိုင်စွမ်း၊ ဆင်ခြင်နိုင်စွမ်းရှိကြသူများ ဖြစ်ကြောင်း၊ မသမာသူများ၏ ပါးစပ်ဖျား မှာတင် လမ်းဆုံးမသွားရန်၊ အတွေးဆုံး မသွားရန် မေတ္တာရပ်ခံပန်ကြားလို ကြောင်း ရှင်းလင်းပြောကြားသည်။

(ဆက်လက်ဖော်ပြပါမည်)