နယ်ရုံးများ၏သတင်းများ

May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာ မောင်ရဲမာန် (မြဝတီ) ရေးသားသည့် “သွေးတိုးရောဂါနှင့်ပတ်သက်ပြီး ဒီ (၁၅) ချက်ကို သိပြီးပြီလား” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ် ခဲ့ကြောင်း သိရသည်။
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြိုနယ်တွင်  ၂၀၂၂-၂၀၂၃  ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို  ယမန်နေ့နံနက်(၈)နာရီက မြစ်သားမြို့အဝင် ဆိုင်းဘုတ်အနီးနှင့် အခွန်လွတ်ဈေးရှေ့ တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
May 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က လူငယ်တွေစဉ်းစားဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 20,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့် စာအုပ်စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတရသစာအုပ် စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
May 20,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
May 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
May 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးခရိုင်၊   ကျောက်တလုံးကြီးမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ယနေ့နံနက်(၁၀)နာရီခန့်က စိုက်ပျိုးရေးဦးစီးဌာန ရုံးနှင့်ဆောက်လုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာသို့စာအုပ်၊ စာစောင်များကို အခမဲ့သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နက်(၁၀)နာရီခွဲအချိန်ခန့်ကကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၃၃၀၆၆၅)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၁၁၀၈၀)ဦး စုစုပေါင်း (၃၄၁၇၄၅)ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။