ကျောက်တလုံးကြီး မေ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ယနေ့နံနက်(၁၀)နာရီခန့်က စိုက်ပျိုးရေးဦးစီးဌာန ရုံးနှင့်ဆောက်လုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာသို့စာအုပ်၊ စာစောင်များကို အခမဲ့သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့်ကာအတွင်း စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်/စာငှားပရိသတ်များအတွက် သုတ၊ ရသစာအုပ်၊ စာစောင်များအား အလွယ်တကူ ငှားရမ်းဖတ်ရှု နိုင်စေရန်ရည်ရွယ်ပြီး Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များအား စာအုပ်၊စာစောင်များကို အခမဲ့ငှားရမ်း ပေးခဲ့ကြောင်းသိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်းအိမ်ယာများသို့ စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းနှင့်အသစ်လဲလှယ်ပေးခြင်းတို့ကိုအပတ်စဉ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)