May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ တွင် ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လာစေရန်၊ စာကြည့်တိုက်အား အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီ အချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။