နယ်ရုံးများ၏သတင်းများ

May 20,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ ​ပြည်သူများစာပေနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှု လေ့လာလိုသည့် ​ပြည်သူများထံသို့ စာအုပ်များ အရောက်ငှားရမ်းပေးနိုင်ရန် ရည်ရွယ်၍ တောင်ငူမြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ယမန်နေ့ နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ကဗျာရွတ်ပြိုင်ပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက်( ၉)နာရီ အချိန်က ကျင်းပခဲ့သည်။
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရေးနှင့်ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့် ထိုးနှံ​ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့ အမှတ်(၁)ရပ်ကွက်တွင် အသိပညာပေးနှိုး‌ဆော် ဆောင်ရွက်ခဲ့သည်။
May 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး( ပင်းတယမြို့)မ ဦးစီးအရာရှိဒေါ်မိုးမိုးထွေးနှင့် ဝန်ထမ်းများသည်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ပင်းတယမြို့နယ်၊ ကျေးရွာများရှိ စာကြည့်တိုက် များသို့ မေလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဝန်ထမ်းများ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
May 19,2022
ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းသွားသည့် ကာလအတွင်းလည်း ပြည်သူများအမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များ အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံဆန် စပါးကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် လာ‌ရောက်ရောင်းချပေးနေကြောင်း သိရသည်။
May 19,2022
ပဲခူးတိုင်း​ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ဒေါက်တာကျော်စိန်၏လူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရှိရသည်။