ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (၃၄၁၇၄၅)ဦး ထိုးနှံပြီးဖြစ်

ကျောက်ဆည် မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နက်(၁၀)နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၃၃၀၆၆၅)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၁၁၀၈၀)ဦး စုစုပေါင်း (၃၄၁၇၄၅)ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၁၆၆၃၅)ဦး နှင့်အသက်(၁၅)နှစ်နှင့်အသက်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၁၂၇၅)ဦး၊ ပထမအသုတ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူ (၁၉၁၇၉)ဦး၊ ဒုတိယအသုတ်တွင်(၂၈၇၄၄)ဦး၊ တတိယ အသုတ်တွင်(၅၂၃၇၅)ဦး၊ စတုတ္ထအသုတ်တွင်(၂၇၈၃၂)ဦး၊ ပဉ္စမအသုတ်တွင်(၃၄၂၁၆)ဦး၊ ဆဋ္ဌမအသုတ်တွင် (၁၁၇၀၀)ဦး၊ သတ္တမအသုတ်တွင်(၁၆၅၄၀)ဦး၊ အဋ္ဌမအသုတ်တွင်(၆၅၅၇)ဦး၊ နဝမအသုတ် တွင်(၉၉၁၄၉)ဦး၊ ဒဿမအသုတ်တွင်(၁၆၄၅၃)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၁၁၀၈၀) ဦး စုစုပေါင်း (၃၄၁၇၄၅)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိပြီး စုကြီးထန်းတောရပ်ကွက်၊ မြို့တော် ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ စသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းနှင့် ထပ်ဆောင်းကာကွယ် ဆေးများလည်း ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

သက်မောင်(ကျောက်ဆည်)