နယ်ရုံးများ၏သတင်းများ

May 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီချိန်က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲ စာ‌စောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 18,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအ‌နေဖြင့် အားလပ်သည့်အချိန်တွင် စာအုပ်စာပေများဖတ်ရူသည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့်‌ ကော့မှူးမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ လာ‌ရောက်ငှားရမ်းရန် အချိန်မရှိသူများအတွက် မိမိတို့ရုံးဌာနများ‌အ‌ရောက် အချိန်မကုန်လူမပင်ပန်း‌ စေဘဲစာအုပ်စာ‌စောင်များများ ဖတ်ရူနိုင်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက ယနေ့ နံနက်က တောင်ပိုင်းရပ်ကွက်မြို့နယ် သမဝါယမဦးစီးဌာနရုံးအရောက် လိုက်လံငှားရမ်းပေးနေကြောင်း သိရသည်။
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ရှိ လူငယ်လူရွယ်များ နည်းပညာများတိုးတက်လာသည်နှင့်အညီ Software ပိုင်းဆိုင်ရာ အချက်အလက်များကို သိရှိနားလည်တတ်စေရန်နှင့်
May 18,2022
ပဲခူးတိုင်း​​ဒေသကြီး၊​ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်း ပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရန်နှင့်
May 18,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင် လူငယ်၊ လူရွယ်များစုပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမောင်မြင့်ကြွယ်ရေးသားသည့်  “အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရား” သုတစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
May 18,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့၀င် ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်၊ စည်ပင်၀န်ထမ်းများနှင့်အတူ ယနေ့ နံနက်(၇)နာရီက ပူတာအိုမြို့ပေါ်ရပ်ကွက်များ၌ သောက်သုံးရေ ပေးဝေနေမှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။