မြစ်သား မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့နံနက်(၈)နာရီက မြစ်သားမြို့အဝင် ဆိုင်းဘုတ်အနီးနှင့် အခွန်လွတ်ဈေးရှေ့တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းနေအရွယ်လေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက် ပိုစတာဆိုင်းဘုတ်ကိုစိုက်ထူခဲ့ပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့်ဌာနဆိုင်ရာအကြီးအကဲများကဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး စိုက်ထူခဲ့ကြောင်းသိရသည်။
မြစ်သားမြိုနယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့ကာလအဖြစ်သတ်မှတ် ကာကျောင်းသားကျောင်းသူများကို စတင်လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
သီတာအောင်(မြစ်သား)