ကျောက်တံတား မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာ မောင်ရဲမာန် (မြဝတီ) ရေးသားသည့် “သွေးတိုးရောဂါနှင့်ပတ်သက်ပြီး ဒီ (၁၅) ချက်ကို သိပြီးပြီလား” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို ပြည်သူများစာပေကိုမြတ်နိုး တန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွှေဇင်ခိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဆရာမ ဒေါ်တင်တင်ဝင်းက သွေးတိုးရောဂါခံစားရခြင်းမှ ရှောင်ကြဉ်နိုင်ရေးအတွက် ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်နိုင်ရေးအလို့ငှာ သွေးဖိအားမြင့်ခြင်း၊ တစ်နည်းဆိုရသော် သွေးတိုးရောဂါနှင့် စပ်လျဉ်းသည့် အရေးကြီးသောအချက် (၁၅) ချက်ကို ဆွေးနွေးပြီး တက်ရောက်လာသူများက ဆောင်းပါးပါအကြောင်းအရာများနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။
ရွှေဇင်ခိုင်(ပြန်/ဆက်)