နယ်ရုံးများ၏သတင်းများ

May 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စာအုပ်စာပေများ ပိုမိုဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံးစာကြည့်တိုက်တွင် ငှားရမ်း ပေးနေသည့်အပြင် ရွေ့လျား စာကြည့်တိုက်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ယနေ့နံနက်(၁၀)နာရီ အချိန်က စတင်ကာ သုတရသစာအုပ် စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက  မေလ(၁၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၆)ရပ်ကွက်သို့
May 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်း၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကစာအုပ်၊ စာ​စောင်များ(Mobile Library) စနစ်ဖြင့်  ​ယမန်​နေ့ ည​နေပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ သွား​ရောက်ငှားရမ်း​ပေးခဲ့​ကြောင်း သိရသည်။
May 18,2022
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ပြည်ကြီးပျော်ဖွယ်အနောက်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့​သည်။
May 18,2022
ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အင်္ဂလိပ်စာ ဝေါဟာရစကားလုံးများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချ တတ်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော “ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ” ကို တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။