နယ်ရုံးများ၏သတင်းများ

May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူငယ်လူရွယ်များအနေဖြင့် စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းသိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ မခင်စောတင့် ရေးသားသော“စိတ်ကိုလှပအောင်ပြင်နည်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက စကားပုံဆက်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
May 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဒေါ်ခင်ရူပါအေး (ဒုတိယဦးစီးမှူး)က “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမြင်အာရုံချို့ယွင်းသူနှင့် အကြားအာရုံချို့ယွင်းသူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှင့် ဉာဏ်ရည်မသန်စွမ်းသူတို့ အကြောင်းကို ဖတ်ကြားပေးခဲ့သည်။
May 20,2022
ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ သာ​ကေတမြို့နယ်​၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယ​နေ့နံနက်(၁၀:၀၀)နာရီအချိန်၌ ​ကာတွန်းရေးဆွဲနည်းသင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
May 20,2022
ပြန်ကြား‌ရေးနှင့်ပြည့်သူဆက်ဆံ‌ရေးဦးစီးဌာန၊ ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန် ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲကို ယနေ့၊ ညနေ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ကောင်းစွာအသုံးချပြီး နိုင်ငံ့အကျိုးကို တစ်ထောင့် တစ်နေရာက သယ်ပိုးထမ်းဆောင် နိုင်ကြစေရန် စသည့်ရည်ရွယ် ချက်ကောင်းများဖြင့်
May 20,2022
ရန်ကုန်တိုင်ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လူမှုအကျိုးပြု လုပ်ငန်းများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်အတူ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်း အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လူမှု အကျိုးပြုလုပ်ငန်းများအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရသည်။