နယ်ရုံးများ၏သတင်းများ

May 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် (၉) နာရီခွဲအချိန်က အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
May 23,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းနှင့်(Youth Club)လူငယ်အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဦးဖြိုးကြွယ်မြင့် ရေးသားထားသည့် "အောင်မြင်မှုသို့စေညွှန်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် စွန့်ပစ်ပစ္စည်းဖြင့် ပန်းအိုးပြုလုပ်နည်းကို ‌ယနေ့ နံနက် ၉ နာရီ အချိန်ကစ၍ (၁၁)နာရီအထိ ပို့ချသင်ကြားပေးခဲ့သည်။
May 23,2022
ပြန်ကြား‌ရေးနှင့်ပြည့်သူဆက်ဆံ‌ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊
May 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ပိုင်းအချိန်က စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောပွဲကို အထက်တန်း ကျောင်းသား/သူများနှင့် ဆောင်ရွက်ခဲ့သည်။
May 23,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်သည့်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ကာယကြံ့ခိုင်မှုအတွက် အရိုးဗစ်အတတ်ပညာကို လေ့လာတတ်မြောက်စေရန် ရည်ရွယ်ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အေရိုးဗစ်သင်တန်းကို ယနေ့ နံနက် (၁၀)နာရီအချိန်မှစတင်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
May 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အရေးပေါ် အသက်ကယ်ရန်အခြေအနေကျရောက်လာပါက ရှေးဦးသူနာပြုစုနည်းများကို တတ် သိနားလည်စေရန်အတွက်  ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
May 23,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်​ခြေနီအသင်းခွဲတို့ ပူး​ပေါင်း၍ ကျင်းပပြုလုပ်သည့် ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယ​နေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။