နယ်ရုံးများ၏သတင်းများ

May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက်(၉) နာရီက လဟာပေါက်ကျေးရွာအုပ်စု၊ တောင်သူ ဦးအုန်းလွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 23,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။
May 23,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​မန်နေ့ နံနက် (၉) နာရီ အချိန်က ဖား​ဆောင်းမြို့ ​​​​တောင်ပိုင်းရပ်ကွက်၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ များအား ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပုံတူပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပန်းခြောက်ဖြင့် ပန်းအလှ ထိုးနည်းသင်တန်းကို ဖွင့်လှစ်သည်။
May 21,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ စာပေနွေးပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ ရက်နေ့ နံနက် ၁ဝနာရီက ပြုလုပ်သည်။
May 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာနှင့် လုပ်ငန်းခွင် ဝင်ရောက် လုပ်ကိုင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မေ ၂၄ ရက်နေ့တွင် အခြေခံကွန်ပျူတာသင်တန်းကို အခမဲ့ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
May 21,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝဥအကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk Show ကိုယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။