ကြာအင်းဆိပ်ကြီးမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲဝင်များမှ စာဖတ်ဝိုင်းကျင်းပ

ကြာအင်းဆိပ်ကြီး မေ ၂၀

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  Book Club  အဖွဲ့ဝင်များမှ  စာရေးဆရာမောင်ကျေးဇူးရေးသားသည့် ဘဝနေတတ်မှုအနုပညာခေါင်းစဉ်ပါစာအုပ်၏ ဆောင်းပါးများဖြစ်သည့် ဘဝခရီးအထမြောက်အောင်မြင်မှုအနုပညာ၊ ကိုယ်ထိလက်ရောက်လှုပ်ရှား‌ဆောင်ရွက်မှု အနုပညာ၊ စိတ်နေမြင့်မားစွန့်စားမှုအနုပညာ၊ အကြားအမြင်များအသိတရား တိုးတက်စေမှုအနုပညာ၊ လူချမ်းသာဖြစ်စေမှုအနုပညာ၊ ယုံကြည်သက်ဝင်မှုအနုပညာ၊ ဆောင်းပါး များ၏ အကြောင်းအရာများအား စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် များမှတစ်ဦးချင်းစီ အလှည့်ကျဖြင့် ခေါင်းစဉ်ပါဆောင်းပါးတစ်ပုဒ်စီဖတ်ကြားပြီး ဆောင်းပါးပါအကြောင်းအရာအဓိပ္ပါယ်ယူဆချက်များအား Book Club အဖွဲ့ဝင်များမှ မိမိတို့၏ထင်မြင်ယူဆချက် သဘောပေါက်နားလည်တွေးခေါ်များအား အပြန်အလှန် အချင်းချင်းသုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး