ဒေးဒရဲ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်ကဌာနဆိုင်ရာများ အနေဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အထူးဂရုပြုဆောင်ရွက်သွားရေး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မြို့၊ ရုံးများနှင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပ ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ နေထိုင်စေရန်ရှင်း လင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုးက လုံခြံရေးဆိုင်ရာကိစ္စရပ်များ အထူးဂရုစိုက်ရန်နှင့် ဌာနဆိုင်ရာများ အနေဖြင့် စည်းလုံးစွာနေထိုင်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များဖြည့်စွက်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း (ပြန်ဆက်)